
ဖီနာဘာချီအသင်းနဲ့ အစ္စတန်ဘူလ် ဒါဘီမှာ ဒိုင်လူကြီးကို စော်ကားပြောဆိုခဲ့မှုအပေါ် ဂါလာတာစာရေး နည်းပြ မော်ရင်ညိုကို တူရကီလိဂ်က ပွဲပယ်နဲ့ ဒဏ်ကြေး ချမှတ် အရေးယူခဲ့ပါတယ်။
ဂိုးမရှိသရေကျခဲ့တဲ့ အစ္စတန်ဘူလ်ဒါဘီမှာ နိုင်ငံခြားသား ကွင်းလယ်ဒိုင်ကို အသုံးပြုခဲ့ပြီး စတုတ္ထဒိုင်ကိုတော့ တူရကီဒိုင်တယောက်ကို အသုံးပြုခဲ့တာပါ။
မော်ရင်ညိုဟာ ပွဲအပြီးမှာ ဒိုင်လူကြီးတွေနားနေခန်းကို သွားရောက်ပြီး “မင်းက ဒိုင်လူကြီးဆိုရင် ဒီပွဲက ဘေးဒုက္ခရောက်သွားလိမ့်မယ်” လို့ ပြောဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
မော်ရင်ညိုဟာ တူရကီဘောလုံးအဖွဲ့အစည်းနဲ့ ဒိုင်လူကြီးတွေကို စော်ကားပြောဆိုခဲ့တာကြောင့် အရေးယူခဲ့တာဖြစ်ကြောင်း တူရကီဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
မော်ရင်ညိုကို အဝတ်လဲခန်းထဲဝင်ခွင့် ၂ ပွဲပယ်နဲ့ ကွင်းထဲကြီးကြပ်ခွင့် ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ပေါင် ၂,၅၀၀ ကျော်လည်း ဒဏ်ရိုက်ခဲ့ပါတယ်။