Home
နိုင်ငံတကာ
ယူကရိန်းအကျပ်အတည်းကိစ္စ တရုတ်နှင့် ရုရှား သမ္မတ ၂ ဦး ဆွေးနွေး
DVB
·
February 27, 2025
Photo: REUTERS/Maxim Shemetov

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ယူကရိန်းအကျပ်အတည်းအကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ဖုန်းဆက် စကားပြောခဲ့ပါတယ်။

နွေဦးပွဲတော်မတိုင်မီ သမ္မတပူတင်နဲ့ အွန်လိုင်းပေါ်မှာ တွေ့တုန်းက ၂၀၂၅ ခုနှစ်မှာ တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်ချက်တွေ ပေးခဲ့တာကိုလည်း ရှီက စကားအစ ပြန်ဖော်ခဲ့ပြီး နိုင်ငံတကာနဲ့ ဒေသတွင်းကိစ္စရပ်တွေမှာ အဓိကကျတဲ့ ညှိနှိုင်းဆောင်ရွက်ရမယ့် ရပ်တည်ချက်ကို ပေးအပ်ခဲ့တယ်၊ အကြီးစား နိုင်ငံတကာနဲ့ ဒေသတွင်း ကိစ္စရပ်တွေမှာ ရပ်တည်ချက်ကို ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

တရုတ်-ရုရှား ဆက်ဆံရေးဟာ အားကောင်းခိုင်မာတဲ့ တသွေးတသားတည်း တွန်းအားအဖြစ် ဖြစ်တည်နေပြီး ဗျူဟာမြောက်တန်ဖိုးတွေရှိလို့ ဘယ်လို ကြားလူရဲ့ သက်ရောက်မှုမှ ကြားဝင်နိုင်မှာ မဟုတ်သလို ဘယ်လို တတိယနိုင်ငံကိုမှ ပစ်မှတ်ထားမှာ မဟုတ်ဘူးလို့ ရှီက ဆက်ပြောပါတယ်။

နှစ်နိုင်ငံစလုံးရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတွေနဲ့ နိုင်ငံခြားရေးမူဝါဒတွေဟာ ရေရှည်အတွက် ချမှတ်ထားတာလို့ ရှီက ပြောပါတယ်။

နိုင်ငံတကာ အခင်းအကျင်းတွေ ဘယ်လိုပြောင်းပြောင်း တရုတ်-ရုရှား ဆက်ဆံရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်သွားမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြန်လည်ရှင်သန်လာစေရေးအတွက် ပံ့ပိုးပေးရင်း တည်ငြိမ်ရေးနဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံတကာဆက်ဆံရေးကို ရှေ့တိုးဆောင်ရွက်သွားမယ်လို့လည်း ရှီက ပြောပါတယ်။

ရုရှားက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို အလွန်အလေးထားတယ်လို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။

လက်ရှိအခြေအနေအရ ရုရှားနဲ့ တရုတ်နိုင်ငံကြား အနီးကပ်ဆက်သွယ်မှုဟာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်နဲ့အညီ ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ နိုင်ငံတကာရေးရာတွေမှာ တည်ငြိမ်ရေး အခန်းကဏ္ဍကနေ ပါနေတဲ့ အပြုသဘောဆောင်တဲ့ သတင်းစကား ပေးပို့မယ်လို့ ပူတင်က ပြောပါတယ်။

ရုရှားနိုင်ငံဟာ ပဋိပက္ခရဲ့ မူလဇာစ်မြစ်တွေကို ဖယ်ရှားပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်တရပ်ကို ရောက်ဖို့ ကတိပြုထားတယ်လို့ ပူတင်က ပြောပါတယ်။

အကျပ်အတည်းကို ဖြေရှင်းဖို့ ရုရှားနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အပြုသဘောဆောင်တဲ့ ကြိုးပမ်းမှုတွေကို တရုတ်နိုင်ငံက ကြိုဆိုတယ်လို့ ရှီက ပြောခဲ့ပါတယ်။

နည်းလမ်းပေါင်းစုံနဲ့ ဆက်သွယ်ရေး၊ ပေါင်းစပ်ညှိနှိုင်းရေးကို ဆက်ထိန်းသိမ်းသွားဖို့ နှစ်ဖက်သဘောတူခဲ့ကြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013