Home
မြန်မာသတင်း
ကရင်စစ်ဘေးရှောင်တောင်သူများအတွက် မျိုးစေ့လှူဒါန်း 
DVB
·
February 26, 2025

ကရင်ပြည်နယ်အတွက် မျိုးစေ့လှူဒါန်းခြင်း အစီအစဉ်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က Sanimthoon Café မှာ ဖေဖော်ဝါရီ  ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဒီအစီအစဉ်ကို‌တော့ ကရင်ပြည်နယ်အတွင်း စစ်ဘေးသင့်ဒေသတွေမှာရှိတဲ့ စစ်ဘေးရှောင် တောင်သူလယ်သမားတွေကို ကူညီထောက်ပံ့ဖို့အတွက် ထိုင်း-မြန်မာ တောင်သူလယ်သမား လူမှုအသိုက်အဝန်း အတူတကွ စုပေါင်းပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ Food Not Bombs Kawthoolei ရဲ့ တည်ထောင်သူ နော်ဇမ်ဘာပေါက “ဒီမျိုးစေ့လှူဒါန်းတဲ့ အစီအစဉ်က ကျမအတွက် သိပ်ကို အရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကော်သူးလေမှာ ကျမက မျိုးစေ့လှူဒါန်းတဲ့ အစီအစဉ်ကို လုပ်ဆောင်ခဲ့တာပါ။ ကျမတို့ရဲ့ ကရင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေလိုမျိုး လက်နက်ကိုင် ပဋိပက္ခတွေကြား ကျမတို့ရဲ့ နေထိုင်ရာ ဒေသတွေမှာ စားနပ်ရိက္ခာ ဖူလုံမှု မရှိတဲ့၊ ချို့တဲ့တဲ့ သူတွေကို ကူညီဖို့ ဒီအစီအစဉ်က သိပ်ကို အရေးကြီးပါတယ်။ ဒါက တကယ့်ကို အထောက်အကူပြုပါတယ်” လို့ ဆိုပါတယ်။

ဒီအစီအစဉ် အခမ်းအနားမှာ တေးဂီတ ဖျော်ဖြေမှုများ၊ ရာသီဥတုပြောင်းလဲမှုနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ မှတ်တမ်းရုပ်ရှင် ပြသခြင်းနဲ့ ကရင်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတဲ့ အစီအစဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။

မျိုးစေ့လှူဒါန်းလိုသူတွေအနေနဲ့ မျိုးစေ့တွေကို Sanimthoon Café မှာ လာရောက် လှူဒါန်းလို့ ရသလို မျိုးစေ့ဝယ်ယူနိုင်ဖို့ ငွေကြေးတွေလည်း လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။ ဒီမျိုးစေ့လှူဒါန်းတဲ့ ကမ်ပိန်း အစီအစဉ်က မေလ ၃၁ ရက်နေ့ထိလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024