Home
မြန်မာသတင်း
မြိုင်  PDF တပ်ဖွဲ့ဝင်  မင်္ဂလာဆောင် စစ်တပ်က ဗုံးကြဲသဖြင့် ၁၁ ဦးသေဆုံး
DVB
·
February 25, 2025
bomb

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ PDF တပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာဆောင် ကျင်းပတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၅ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁၀ ယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖတာဝန်ရှိသူက ပြောပါတယ်။

“ပွဲချင်းပြီးနေရာတင် ၁၁ ယောက် ကျန်တာ စိစစ်နေဆဲ” လို့ မြိုင်ပကဖတာဝန်ရှိသူက DVB ကို ပြောပါတယ်။

မြိုင်မြိုနယ်အနောက်တောင်ပိုင်းက ကျောက်ခွက်ရေနံမြေနားက ဆုံကုန်းရွာဘုန်းတော်ကြီးကျောင်းကို ဂျက်ဖိုက်တာ နဲ့ ပေါင် ၅၀၀ ဗုံး ကြဲခဲ့တာလို့ ဆိုပါတယ်။ 

ဗုံးကြဲပြီးနောက်ပိုင်းမှာလည်း လေယာဥ်တွေ ဝဲပျံနေသေးတဲ့အတွက် လက်ရှိအချိန်အထိ ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013