Home
နိုင်ငံတကာ
ပူတင်နှင့် ဇလန်းစကီးတို့ကို ပူးပေါင်းဆောင်ရွက်ရန် ထရမ့်ပ် တိုက်တွန်း 
DVB
·
February 22, 2025
Photo-Reuters

ယူကရိန်း-ရုရှားစစ်ပွဲ မကြာမီ အဆုံးသတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ ထရမ့်ပ်က ၂ နိုင်ငံခေါင်းဆောင်တွေကို သီးခြား ဖုန်းခေါ်ဆိုပြီး တိုက်တ 

ထရမ့်ပ်ရဲ့ အရာရှိတွေဟာ ယူကရိန်း-ရုရှားစစ် အဆုံးသတ်ရေးအတွက် ဆော်ဒီအာရေဗျနိုင်ငံမှာ ယူကရိန်းမပါဘဲ ရုရှားနဲ့ ဆွေးနွေးခဲ့ပါတယ်။ 

ဒါ့အပြင် ထရမ့်ပ်က ဇလန်းစကီးကို အာဏာရှင်ဆိုပြီး မကြာခင်က ခေါ်ဝေါ်ခဲ့ဖူးပါတယ်။ ရုရှားနဲ့ ငြိမ်းချမ်းရေးကိစ္စ မဆွေးနွေးရင် နိုင်ငံဆုံးရှုံးမယ့် အရေးဖြစ်မယ်လို့ ထရမ့်ပ်က ဇလန်းစကီးကို သတိပေးခဲ့တာပါ။ 

အဲ့ဒီလို ပြောဆိုခဲ့အပြီး အမေရိကန်နဲ့ ယူကရိန်းခေါင်းဆောင်တွေကြား ဆက်ဆံရေးတင်းမာလာ ပါတယ်။ 

ယူကရိန်း-ရုရှားစစ်အဆုံးသတ်ရေးအကြောင်း ပြောခဲ့သလို ယူကရိန်းနဲ့ အမေရိကန်တို့ရဲ့ သတ္တုတူးဖော်ရေး သဘောတူညီချက်လည်း ရရှိဖို့ နီးစပ်နေပြီလို့ ထရမ့်ပ်က ပြောပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးက အမေရိကန်နဲ့ ၂ နိုင်ငံကြား အားနည်းချက်တွေကို အားကောင်းဖို့ ရည်ရွယ်ချက်နဲ့ သဘောတူညီမှုအကြမ်း ရေးဆွဲထားတဲ့အကြောင်း ဖေဖော်ဝါရီ ၂၁ ရက် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

“ဒီသဘောတူညီချက် ကျတော်တို့ ၂ နိုင်ငံ ဆက်ဆံရေးကို ပိုပြီး အားကောင်းလာစေမှာပါ။ ကျနော်ကတော့ ရသင့်တဲ့ ရလဒ်ရရှိဖို့ မျှော်လင့်ပါတယ်” လို့ ဇလန်းစကီးက ပြောပါတယ်။

ညနေခင်းမိန့်ခွန်းမှာ ဇလန်းစကီးက လူဇင်ဘတ် ဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း ပြောခဲ့ပြီး ဥရောပက မှန်ကန်ပြီး ရေရှည်ငြိမ်းချမ်းရေးမျိုးရဖို့ လုပ်ရမယ်ဆိုတဲ့ ပြောကြားချက်နဲ့ မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။ 

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013