Home
မြန်မာသတင်း
စစ်မှုထမ်းကိစ္စ ငွေရှာသည့်စစ်တပ်က အတိုင်များလျှင် အုပ်ချုပ်ရေးအဖွဲ့များကို လွှဲချ
DVB
·
February 21, 2025

လူငယ်တွေကို ဖမ်းဆီးကာ လူအစားထိုးပြီး ငွေရှာနေတဲ့ စစ်ကောင်စီတပ်က တိုင်ကြားမှုတွေ များလာတဲ့အတွက် အုပ်ချုပ်ရေးမှူးတွေကို ငွေကြေးမယူဖို့ ခေါ်ယူသတိ ပေးတာတွေ လုပ်လာပါတယ်။

နေပြည်တော် တပ်ကုန်းမြို့နယ်နဲ့ ဥတ္တရသီရီမြိုနယ်မှာ ဖေဖော်ဝါရီ ၁၉ ရက်က စစ်မှုထမ်းကိစွနဲ့ပတ်သက်လို့ တိုင်ကြားခံရတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ ကို ဗိုလ်မှူး ကြီးရဲမိုးက ခေါ်ယူသတိပေးခဲ့ပါတယ်။

ပဲခူးနဲ့ရန်ကုန်မှာလည်း ဗိုလ်မှူးကြီးအောင်သော င်းထိုက်နဲ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့တွေက နည်းဥပဒေပွဲတွေလုပ်ကာ ငွေကြေးမယူကြဖို့ ပြောဆိုနေပေမဲ့ အမှန်တကယ်ပေါ်တာဆွဲငွေ ရှာနေသူ စစ်တပ်ဖြစ်တယ်လို့ မှော်ဘီမြို့ခံက DVB ကို ပြောပါတယ်။

"စစ်တပ်က ဖမ်းပြီးလူအစားထိုးနေတာကြာပြီ၊ ရွာတွေဘက်မှာ လူတယောက် ပေါက်စျေးက သိန်း ၁၁၀ ပေါက်တယ်။ မရဘူးဆိုရင်တောင် အနည်းဆုံး ၈၀ နဲ့ ၉၀ ကြားပဲ၊ မှော်ဘီမှာဆို ထိန်စွန်း၊ ညောင်တုန်း၊ ဘိုချောင်းရွာ အဆိုးဆုံး။" 

စစ်မှုမထမ်းချင်တဲ့ လူငယ်တွေရဲ့အားနည်းချက်ကို အခွင့်ကောင်းယူကာ လူအစားထိုးကိစွကို စစ်တပ်က ဖန်တီးခဲ့ပြီး တိုင်ကြားခံရပါက အုပ်ချုပ်ရေးအဖွဲ့ကို လွှဲချတယ်လို့ ထွက်ပြေးနေရတဲ့ ကျုံပျော်မြိုနယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတယောက်က ပြောပါတယ်။

"အစက ရွာမှာမဲနှိုက်ပြီးပဲ မဲပေါက်တဲ့သူကိုသွားခိုင်းတာ၊ ရှေ့တန်းမှာ သေတာတွေများတော့ ရွာကသူတွေက မသွားချင်ဘူး။ တရွာလုံးက အကူအညီတောင်းလို့ စစ်တပ်ကို မေးကြည့်တော့ လူအစားထိုးလို့ရတယ်ဆိုပြီး သိန်း ၄၀ ကနေ အစားထိုးလာတာ သိန်း ၇၀ မှာ ပြဿနာတက်တော့ ကျနော့်ကို ထိုးချတယ်၊ အဲ့ကိစွနဲ့ဖမ်းမှာစိုးလို့ ထွက်ပြေးနေရတယ်။” 

စစ်ကောင်စီတပ်အနေနဲ့ ဥပဒေထက်ကျော်လွန်ကာ တပ်သားသစ်စုဆောင်းနေတဲ့အပြင် လူ ငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး လူအစားထိုး ပြန်ရောင်းတဲ့ လုပ်ရပ်ဟာ လူမဆန်တဲ့လုပ်ရပ် ဖြစ်တယ်လို့ တရားလွတ်တော်ရှေနေတယောက်က ဝေဖန်ပြောဆိုပါတယ်။

ဒီလိုပြဿနာမျိုးစုံတက်နေကြားထဲက စစ်တပ်အနေနဲ့ စစ်သင်တန်းကျောင်းတွေ တိုးချဲ့ဖွင့်လှစ် ပြီး သင်တန်းပေးလာတာ အခုဆို အပတ်စဥ် ၁၀ အထိရှိပြီဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013