
ဆွီဒင်လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲ့နဲ့ အကောက်ခွန်အာဏာပိုင်အဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၇ ရက်က မြို့တော် စတော့ဟုမ်းရဲ့ မြို့လယ်မှာ လေ့ကျင့်ခန်းတွေ လုပ်ခဲ့ပြီး မြို့ပတ်ပတ်လည်က အဓိကကျတဲ့ အဆောက်အအုံတွေမှာလည်း အတူတကွ လေ့ကျင့်ခဲ့ကြပါတယ်။
မြို့တော်တွင်း အရေးကြီးတဲ့ နေရာတွေကို စောင့်ကြပ်ကာကွယ်ရေး လေ့ကျင့်နေတဲ့ စစ်သားတွေဟာ မနက်အစောပိုင်းမှာ လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ တပ်ဖွဲ့ဝင်တွေနဲ့ စစ်သုံးကားတွေကို တပ်စွဲထားကြပါတယ်။
မြို့တော်က ဆိပ်ကမ်းတခုမှာလည်း စစ်သားတွေဟာ ရဲအရာရှိတွေ၊ အကောက်ခွန်အရာရှိတွေနဲ့ အာဏာပိုင်တွေအကြား ပူးပေါင်းဆောင်ရွက်မှုကို လေ့ကျင့်ဖို့၊ ဆိပ်ကမ်းမှာ စစ်ဆေးတာနဲ့ သင်္ဘောပေါ်ကို တက်တာတွေကို အသွင်ယူ လေ့ကျင့်ခဲ့ကြပါတယ်။
လက်နက်ကိုင်ရဲအရာရှိတွေက သင်္ဘောပေါ်တက်တဲ့ပုံစံ ဟန်ဆောင် လေ့ကျင့်နေချိန်မှာ စစ်သားတွေက သင်္ဘောတဝိုက်က ဧရိယာကို လုံခြုံရေးယူတာ လေ့ကျင့်ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုတွေဟာ စစ်တပ်နဲ့ တခြား အစိုးရအေဂျင်စီတွေက ဝန်ထမ်း အယောက် ၂,၀၀၀ လောက်ပါတဲ့ ဘီယေယော့ ၂၅ လေ့ကျင့်ရေးရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဆွီဒင်စစ်တပ်က ပြောခဲ့ပါတယ်။
Source : Reuters


