Home
မြန်မာသတင်း
တော်လှန်ရေးဒရုန်းတပ်ဖွဲ့များအတွက် နည်းပညာကူညီရန် အသင့်ရှိဟု Federal Wings ပြော 
DVB
·
February 18, 2025
Photo: Federal Wings

တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေအတွက် နည်းပညာအကူအညီလိုအပ်ရင် ကူညီဖို့အသင့်ရှိ​တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ပြောပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က  “တော်လှန်ရေးအတွက် ဘယ်အဖွဲ့အစည်းအောက်မှာပဲဖြစ်ဖြစ် တာဝန်ထမ်းဆောင်နေကြတဲ့ တော်လှန်ရေးဒရုန်း တပ်ဖွဲ့တွေအနေနဲ့ မေးစရာမေးခွန်းတွေရှိနေတာပဲ ဖြစ်ဖြစ်၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီလိုအပ်လို့ပဲဖြစ်ဖြစ် ကျနော်တို့တပ်ဖွဲ့ရဲ့ Facebook Page ရဲ့ Messenger ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်´´ လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန (MOCIT) ကနေတဆင့် Federal Wings (FW) နဲ့ ချိတ်ဆက်ခဲ့တဲ့အဖွဲ့တွေအနေနဲ့လည်း တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်နေရင်း နည်းပညာပိုင်းမှာ အခက်အခဲရှိနေရင်လည်း ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့ရဲ့တာဝန်ခံတယောက်က “FW နဲ့ တိုက်ရိုက်မဟုတ်ဘဲ MOCIT ကနေ တဆင့်ခံချိတ်ဆက်ခဲ့ကြတဲ့ တချို့အဖွဲ့တွေဟာ နည်းပညာပိုင်းဆိုင်ရာမှာ အခက်အခဲတွေ ရှိနေပေမဲ့ FW ရဲ့ အခြေအနေ ဘယ်လိုမှန်းမသိလို့ ဇဝေဇဝါဖြစ်ပြီး မဆက်သွယ်ရဲကြဘဲ လမ်းပျောက်နေကြတာမျိုး ကြားသိနေရပါတယ်။ ဘယ်လိုမျိုး ခေါင်းစဉ်တွေနဲ့ပဲ ဖြစ်နေပါစေ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နေသူတိုင်းဟာ Federal Wings ရဲ့ တော်လှန်ရေးမိတ်ဆွေ ရဲဘော်ရဲဘက်တွေလို့ ခံယူထားပါတယ်။ မေးစရာ မေးခွန်းတွေရှိနေတာပဲဖြစ်ဖြစ်၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီလိုအပ်တာပဲဖြစ်ဖြစ် FW Page မှာ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်”လို့ DVB ကို ပြောပါတယ်။

ဒရုန်းတပ်ဖွဲ့ Federal Wings နဲ့ (MOCIT) တို့ ပူးပေါင်းခဲ့မှုအတွင်း လုပ်ငန်းကော်မတီအဖြစ် ဖွဲ့စည်းခဲ့တဲ့ Federal Wings Committee ကို ဖျက်သိမ်း​ထားပြီး ဖြစ်တယ်ဆိုတာကို ဒီဇင်ဘာလ ၃ ရက်မှာ  ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့ဟာ အဆိုပါ Federal Wings Committee ကိုသာ ဖျက်သိမ်းတာဖြစ်ပြီး Federal Wings ဒရုန်းတပ်ဖွဲ့ရဲ့ မူလလုပ်ငန်းဆောင်တာတွေဖြစ်တဲ့ စစ်အာဏာရှင်တော်လှန်ရေး ကိစ္စရပ်တွေကိုတော့ အရှိန်မပျက် ဆက်လက် ရုန်းကန်ဆောင်ရွက်နေတယ်လို့လည်း Federal Wings ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013