
စင်ကာပူကာကွယ်ရေးဝန်ကြီး နုံးအိန်ဟန်းက ဘက်စုံကမ္ဘာမှာ တရားမျှတပြီး တသမတ်တည်းရှိတဲ့ နိုင်ငံတကာစည်းမျဉ်းတွေကို အခြေခံတဲ့ စနစ်တခုရဲ့ အရေးပါမှုကို တရုတ်အစိုးရရုပ်သံ (CGTN) နဲ့ အင်တာဗျူးမှာ အလေးပေး ပြောကြားခဲ့ပါတယ်။
နုံးအိန်ဟန်းဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနဲ့ စစ်ရေးမှာ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုကို အသိအမှတ်ပြုခဲ့ပါတယ်။
နိုင်ငံအားလုံးဟာ ဩဇာအာဏာနဲ့ အင်အားကို မခွဲခြားဘဲ နိုင်ငံတကာစည်းမျဉ်းတွေကို လိုက်နာရမယ်လို့ မြူးနစ်လုံခြုံရေးညီလာခံနဲ့ ဆက်စပ် အစည်းအဝေးအတွင်း သူက အလေးပေး ပြောကြားခဲ့တာပါ။
ညီလာခံမတိုင်မီ နိုင်ငံတကာစနစ်ရဲ့ လက်ရှိ ဝင်ရိုးစွန်းကမ္ဘာဆီ အသွင်ကူးပြောင်းမှု ဆက်ဖြစ်နေတဲ့ အပြောင်းအလဲ၊ ကတိတွေနဲ့ စိန်ခေါ်မှုတွေကို ဖော်ဆောင်ပေးတဲ့ အပြောင်းအလဲကို Multi Polarization ခေါင်းစဉ်နဲ့ ထုတ်ဖော်ပြသခဲ့တဲ့ အစီရင်ခံစာထဲမှာ မီးမောင်းထိုးပြထားပါတယ်။
ကုန်သွယ်ရေး ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ထဲကို တရုတ်နိုင်ငံ ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ နဲ့ နှိုင်းယှဉ်ရင် တရုတ်ရဲ့ ကမ္ဘာ့ကုန်သွယ်မှုဝေစုက သိသိသာသာ တက်လာတယ်။
စစ်ဘက်ဆိုင်ရာ စွမ်းရည်နဲ့ စွမ်းဆောင်နိုင်မှုအရလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က အကြီးအကျယ် ခုန်ပျံကျော်လွှား တိုးတက်လာတယ်လို့ သူက ပြောခဲ့ပါတယ်။
Source : Reuters