Home
နိုင်ငံတကာ
မီဒီယာတွေက သွေးကွဲအောင်လုပ်နေဟု ထရမ့်ပ်နှင့် မတ်စ်ခ် တုံ့ပြန်
DVB
·
February 17, 2025
Photo : FOX NEWS CHANNEL'S HANNITY

“မီဒီယာတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ကျုပ်တို့ကို သွေးကွဲအောင်လုပ်နေကြတာ” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အစိုးရအကျိုးထိရောက်မှုဌာန (DOGE) အကြီးအကဲ အီလွန်မတ်စ်ခ်တို့က တုံ့ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်မှာမှ အပြည့်အစုံထုတ်လွှင့်မယ့် Fox News ချန်နယ်က ရှောင်ဟန်နစ်တီနဲ့ သူတို့နှစ်ယောက်ရဲ့ အင်တာဗျူးက ကောက်နုတ်ချက်ကို ထုတ်လွှင့်ပေးခဲ့ရာမှာ အဲဒီမှတ်ချက် ပါရှိခဲ့တာ ဖြစ်ပါတယ်။

မတ်စ်ခ်က သူ့ကို ဖုန်းခေါ်ပြီးတော့ “သိတဲ့အတိုင်းပဲ၊ သူတို့က ကျုပ်တို့ကို သွေးကွဲအောင် လုပ်နေကြတာလို့ ပြောတဲ့အခါ သေချာတာပေါ့”လို့ တုံ့ပြန်ခဲ့ကြောင်း ထရမ့်ပ်က ပြန်ပြောပြပါတယ်။

ဒေါ်နယ်ထရမ့်ပ်ကတော့ သမ္မတနေရာကို အီလွန်မတ်စ်ခ်ကို လက်လွှဲလိုက်ပြီတို့၊ ကက်ဘိနက် အစည်းအဝေးကို သမ္မတကြီးမတ်စ်ခ်က ဦးစီးကျင်းပနေပြီတို့ ဖော်ပြကြတယ်လို့ ထရမ့်ပ်က ဆိုပါတယ်။

ဒါပေမဲ့ ပြည်သူတွေက စမတ်ဖြစ်တဲ့အတွက် ဒီနည်းလမ်းဟာ အလုပ်ဖြစ်မယ် မထင်ကြောင်းပါ ထရမ့်ပ်က မှတ်ချက်ချခဲ့ပါတယ်။

အမေရိကန်ဗျူရိုကရေစီယန္တရားကို လျှော့ချရေး ကြိုးပမ်းနေတဲ့ ထရမ့်ပ်နဲ့ မတ်စ်ခ်တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က အစိုးရဝန်ထမ်း ၉,၅၀၀ ကျော်ကို ထုတ်ပယ်ခဲ့ပါတယ်။

ရှေ့မှာလည်း မိမိသဘောဆန္ဒအလျောက် လျော်ကြေးယူပြီး နုတ်ထွက်ဖို့ လက်ခံတဲ့ အစိုးရဝန်ထမ်း ၇၅,၀၀၀ ရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ အရပ်သားအစိုးရဝန်ထမ်း ၂ ဒသမ ၃ သန်းရဲ့ ၃ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013