Home
မြန်မာသတင်း
ကျောက်ကြီးမြို့နယ်က စစ်စခန်း ၃ ခုကို KNU သိမ်းပိုက်၊ စစ်ကောင်စီဘက်က ၆ ဦးသေ
DVB
·
February 16, 2025
KNU16022025-4
KNU16022025-3
KNU16022025-2
KNU16022025-5

ကရင်ပြည်နယ်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်ထဲက စစ်ကောင်စီစခန်း ၃ ခုကို မနေ့ညမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) က သိမ်းပိုက်လိုက်ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ် ခမရ ၅၆၀ ဦးဆောင်တဲ့ တပ်ပေါင်းစု ဝင်ရောက်တပ်စွဲထားတဲ့ နရွဲပင် ဂိတ်စခန်း၊ တော်ဝိ​ကျေးရွာနဲ့ ထိန်တပင်ကြားက ဂိတ်စခန်း၊ ကျွန်းကုန်းကျေးရွာဘေး တောရကျောင်းမှာ တပ်စွဲထားတဲ့ ဂိတ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၉ ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တပ်တွေက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ည ၁၂ နာရီအချိန်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စခန်းသိမ်းပိုက်စဉ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က ၆ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသလို ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းတခုအပါအဝင် လက်နက်ငယ် ၅ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ၇၃ လက်အောက်ခံ သပြေညွန့်စခန်းက အသက် ၃၈ နှစ်အရွယ် တပ်သားတယောက်ဟာ သေနတ် ၁ လက်၊ ကျည် အတောင့် ၇၀ နဲ့အတူ KNU ရဲ့ မူးမြို့နယ် တပ်ရင်း ၈ ဆီကို လက်နက်ချအလင်းဝင်ရောက်လာတာကြောင့် ကျပ် ၁၀ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့လည်း KNU က ဒီနေ့ထုတ်ပြန်ပါတယ်။

အာဏာရှင်ကိုဆန့်ကျင်ပြီး ပြည်သူတွေနဲ့အတူ ပူး‌ပေါင်းလို့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်သွားမဲ့ ဘယ်သူ့ကိုမဆို နွေးနွေးထွေးထွေးကြိုဆိုနေတယ်လို့လည်း ဆိုပါတယ်။

ပုံ - စစ်ကောင်စီစခန်းများမှ သိမ်းဆည်းရမိထားသည့် ပစ္စည်းများ၊ အလင်းဝင်လာသည့်စစ်သား

Photo – KNU

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013