Home
နိုင်ငံတကာ
ချစ်သူများနေ့ အကြို ပီရူးတွင် စုံတွဲရာနှင့်ချီ လက်ထပ်
DVB
·
February 14, 2025
Photo : Reuters

ဗယ်လင်တိုင်း ချစ်သူများနေ့အကြို ဖေဖော်ဝါရီ ၁၃ ရက်က ပီရူးနိုင်ငံမှာ စုံတွေ ရာနဲ့ချီပြီး လက်ထပ်တဲ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

ပီရူးနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ လီမာမြို့မှာ စုံတွဲပေါင်း ၁၀၃ တွဲက တေးဂီတတွေ၊ အကအလှတွေနဲ့ စုပေါင်းမင်္ဂလာဆောင်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“စင်တခုတည်းမှာ မင်္ဂလာပွဲတွေ အများကြီး ပြုလုပ်ခဲ့တာနဲ့ လက်တွဲဖော်အသစ်နဲ့ ဘဝကို စတင်ရတာကို ကျနော် အရမ်းပျော်ပါတယ်။ ကျနော်တို့ အမြဲတမ်း အတူတူ ခရီးဆက်မှာပါ။ ကျနော်တို့ သေတဲ့အထိ မခွဲတမ်းပေါ့” လို့ သတို့သားတယောက်ဖြစ်တဲ့ ဂွန်ဇာလက်က ပြောပါတယ်။

စုံတွဲတွေ ရာချီပြီး မင်္ဂလာဆောင်တဲ့ အခမ်းအနားမှာ မင်္ဂလာမောင်နှံတွေကို လက်ဆောင် ပေးတာတွေ၊ အစားအသောက် ကျွေးမွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

လူစုလူဝေးနဲ့ လက်ထပ်တဲ့ အခမ်းအနားကို ဘီစီ ၃၂၄ ခုနှစ်ကတည်းက စတင်ခဲ့တာလို့ ဖော်ပြကြပါတယ်။

အဲဒီအချိန်တုန်းက မဟာအလက်ဇန္ဒား ပါရှားဘုရင်ရဲ့ သမီးတော်နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အဲဒီ မင်္ဂလာပွဲမှာ သူ့ရဲ့စစ်သားတွေနဲ့ ပါရှားအမျိုးသမီးတွေရဲ့ မင်္ဂလာစုံတွဲ ၈၀ ပါဝင်ကာ တပြိုင်နက် မင်္ဂလာပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ ဒီလို ရာနဲ့ချီတဲ့ မင်္ဂလာပွဲပြုလုပ်မှုကို အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ တရုတ်၊ အီရန်၊ ဂျပန်၊ ဂျော်ဒန်၊ ပါလက်စတိုင်း၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ တူရကီနဲ့ ယီမင်နိုင်ငံတို့မှာ ကျင်းပလေ့ရှိပါတယ်။

မင်္ဂလာပွဲတွေ စုပေါင်းကျင်းပရခြင်းဟာ စီးပွားရေးနဲ့ လူမှုရေးအခြေအနေကြောင့် ပေါင်းစပ်ပြီး ကျင်းပတာမျိုးလည်း ခေတ်စားလာပါတယ်။

၂၀၁၁ ခုနှစ်က စုံတွဲပေါင်း ၄,၀၀၀ ပါဝင်တဲ့ အိန္ဒိယနိုင်ငံက စုပေါင်းမင်္ဂလာပွဲက ဆင်းရဲတဲ့လယ်သမားတွေ စုပေါင်းပြုလုပ်တဲ့ မင်္ဂလာပွဲ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013