
နှစ်ပေါင်း ၉ သန်းက ငါးမန်းဖြူမျိုးနွယ် ကျောက်ဖြစ်ရုပ်ကြွင်းတခုကို ပီရူးနိုင်ငံရှိ သတ္တဗေဒ ပညာရှင်တွေက ဇန်နဝါရီ ၂၀ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဒီငါးမန်းဖြူတွေဟာ ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းမှာရှိတဲ့ ရေထဲမှာ အရင်တုန်းက နေထိုင်ခဲ့ဖူးပြီး ငါးသေတ္တာတွေ စားသောက်တယ်လို့ ဆိုပါတယ်။
ပြည့်စုံလုနီးပါးရှိတဲ့ ဒီရုပ်ကြွင်းကို ပီရူးနိုင်ငံ လီမာတောင်ပိုင်းကနေ ၁၄၆ မိုင်ဝေးတဲ့ ပစ်ကို နေရာကနေ တွေ့ရှိခဲ့တာပါ။
အဲဒီနေရာဟာ ပူပြီးပြီး ကန္တာရဒေသတခုဖြစ်ကာ ရှေးကျတဲ့ ရေသတ္တဝါမျိုးစိတ်တွေ မကြာခဏ ရှာဖွေတွေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။
ဒီငါးမန်းဟာ ငါးမန်းဖြူကြီးတွေရဲ့ ဘိုးဘေးမျိုးနွယ်ဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။
ဒီငါးမန်းမျိုးဟာ လက်ရှိမှာ မျိုးတုံးသွားပြီဖြစ်ပြီး သူ့ရဲ့သွားတွေဟာ ၃ ဒသမ ၅ လက်မ ရှည်ပြီး အရွယ်ရောက်ပြီးသား ငါးမန်းဆိုရင် ၇ မီတာနီးပါး ရှည်ပါတယ်။
ပီရူးသတ္တဗေဒပညာရှင်တွေက နှစ် ၁၀ သန်းကျော်က မိကျောင်းပေါက်တကောင်ရဲ့ ရုပ်ကြွင်းကိုလည်း နိုဝင်ဘာလတုန်းက ပြသခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကလည်း နှစ် ၁၆ သန်းက မြစ်လင်းပိုင်ရဲ့ ကျောက်ဖြစ်နေတဲ့ ခေါင်းကို ပြသခဲ့ဖူးပါသေးတယ်။
Source : Reuters