
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာရှိတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းကနေ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား ၂၆၁ ယောက်ကို DKBA ဘက်ကနေ ထိုင်းအာဏာပိုင်တွေဆီ ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြဝတီမြို့နယ် ကျောက်ခက်ကျေးရွာရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ ခိုင်းစေခံရသူတွေကို ပြန်လွှဲပေးခဲ့တာပါ။
ပြန်လွတ်လာသူတွေကို ထိုင်း-မြန်မာနပ်စပ်မှာ ထိုင်းအာဏာပိုင်တွေက လက်ခံခဲ့ပြီး ထိုင်းစစ်တပ်က မော်တော်ယာဉ် ၁၀ စီးနဲ့ လုံခြုံရေးစစ်ကား ၈ စီးနဲ့ ခေါ်ဆောင်သွားခဲ့တယ်လို့ AEC ထိုင်းသတင်းမှာဖော်ပြပါတယ်။
ပြန်လွတ်လာသူ ၂၆၀ ကျော်ကို မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံးကို ခေါ်ဆောင်ကာ ကနဦး စစ်ဆေးမှုတွေလုပ်ပြီး မဲဆောက်မြို့နယ်ရဲစခန်းကိုဆက်လက် ပို့ဆောင်ကာ ထိုင်းနိုင်ငံရဲ့ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။