Home
နိုင်ငံတကာ
ကုန်ကျစရိတ် များသဖြင့် ပြားစေ့ထုတ်လုပ်မှု ရပ်ဆိုင်းရန် ထရမ့်ပ် ညွှန်ကြား
DVB
·
February 10, 2025
Photo: REUTERS/Kevin Lamarque

ထုတ်လုပ်မှုကုန်ကျစရိတ် များတဲ့အတွက် ၁ ပြားစေ့ ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ ဘဏ္ဍာရေးဝန်ကြီးကို ညွှန်ကြားလိုက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့လူမှုကွန်ရက် Truth Social  ကနေ ထုတ်ပြန်ပါတယ်။

အမေရိကန်မှာ ပြားကို “ဆင့်(Cent)” လို့ခေါ်ပြီး ဗြိတိန်မှာ “ပဲနိ” လို့ သုံးပါတယ်။ ဒါပေမဲ့ အမေရိကန် ၁ ပြားစေ့ကိုတော့ ဗြိတိန်အသုံးအနှုန်းအတိုင်း “ပဲနိ(Penny)” လို့ပဲ အလွယ်သုံးလေ့ ရှိပါတယ်။

အတိအကျအားဖြင့် ပဲနိတစေ့ ရိုက်ထုတ်ဖို့ကို ၃ ဒသမ ၆၉ ဆင့်တောင် ကုန်ကျတယ်လို့ မနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ “ဒါဟာ အရမ်းအလဟဿ ဖြစ်ပါတယ်။ ဒါကြောင့် ပဲနိအသစ် ထပ်မရိုက်တော့ဖို့ ဘဏ္ဍာရေးဝန်ကြီးကို ညွှန်ကြားထားပါတယ်” လို့ ထရမ့်ပ်က ရေးသားထားပါတယ်။

“ကျုပ်တို့တိုင်းပြည်ရဲ့ ဘတ်ဂျက်က အမှိုက်တွေကိုရှင်းကြစို့၊ တကြိမ်မှာ တပြားတချပ်တောင်မှ အလဟဿ အဖြစ်မခံနဲ့” လို့ပါ ထရမ့်ပ်က ရေးသားထားပါတယ်။

၁၉၇၃ မှာ ပဲနိ အကြွေစေ့ကို ပထမဆုံး ရိုက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အသုံးမတွင်တော့တဲ့ ပဲနိကို ဆက်မရိုက်သင့်တော့ဘူးလို့ စီးပွားရေးပညာရှင်တွေက ထောက်ပြခဲ့တာ ကြာပြီဖြစ်ပါတယ်။

ပဲနိရှိတာကြောင့် သုံးစွဲသူတွေအတွက် စျေးသက်သာစေပြီး အလှူထည့်တဲ့နေရာမှာ အဓိကသုံးကြတာကြောင့် အသုံးဝင်တယ်လို့ ဆိုကြသူတွေလည်း ရှိပါတယ်။

ဒါပေမဲ့ အမေရိကန် အများအပြားကတော့ ဒီအကြွေစေ့တွေကို အာရုံနောက်စရာအဖြစ် မြင်ကြပြီး အံဆွဲတွေ၊ ပြာခွက်တွေ၊ စုဘူးတွေထဲမှာပဲ အဆုံးသတ်သွားလေ့ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013