Home
မြန်မာသတင်း
သာပေါင်းတွင် AA နှင့်စစ်ကောင်စီတိုက်ပွဲဖြစ်ပြီး ဘုန်းကြီးကျောင်း၌ စစ်တပ်စွဲ
DVB
·
February 8, 2025
476827547_1156247466163058_4498107630962119969_n

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကင်ပွန်းချဉ်တောင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေပြီး စစ်ကောင်စီဘက်က အင်အားဖြည့်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သာပေါင်းမြို့နယ်၊ သာပေါင်းလေးကျေးရွာ၊ အနန်းကုန်းကျေးရွာအနီး သဲဖြူရှေ့ရွာနဲ့ ၃ ဖာလုံလောက်အကွာ ကင်ပွန်းချဉ်တောင်မှာ ဖေဖော်ဝါရီ ၈ ရက် မနက်အစောပိုင်း အထိ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေပြီး စစ်ကောင်စီတပ်က စစ်ကား ၄ စီးနဲ့ အင်အားဖြည့်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “တိုက်ပွဲတော်တော်ပြင်းထန်နေတာ။ အခုမနက် ပစ်ခတ်သံတွေ စိပ်စိပ် ပြန်ကြားရတာ။ စကစတပ်က စစ်သား ၄၀ လောက်ပါတဲ့ကားတွေ တိုက်ပွဲဖြစ်နေတဲ့ဘက် ခပ်မြန်မြန်တက်သွားတာတွေ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ AA တိုက်ပွဲပြင်းထန်နေတဲ့ ကင်ပွန်းချဉ်၊ သာပေါင်းလေး၊ ခွေးကုပ်၊ အနန်းကုန်းစတဲ့ ကျေးရွာအနီးက ဘုန်းတော်ကြီးကျောင်းမှာ စစ်ကောင်စီတပ်က တပ်သားအင်အား ၁၀၀ ဝန်းကျင် လာရောက်တပ်စွဲ ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “သာပေါင်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ကျားခေါင်းစခန်း သိမ်းခံရပြီးနောက် တိုက်ပွဲကနည်းနည်းငြိမ်သွားတာ။ အခုမနက် ပြန်ဖြစ်တာလို့သိရတယ်။ စစ်ကောင်စီဘက်က ခံစစ်ကို အားထားပြင်ဆင်နေတာတွေ့ရတယ်။ AA က စစ်ကောင်စီတပ်ကို ပြောက်ကျားစနစ်နဲ့ ဟိုဘက်လှည့်တိုက်၊ ဒီဘက်လှည့်တိုက်လုပ်ပြီး တိုက်ကွက်ဖော်ယူနေတာ” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ သာပေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေထပ်အသိမ်းမခံရစေဖို့ဆိုပြီး လတ်တလောတိုက်ပွဲဖြစ်နေတဲ့ဒေသအနီးက လက်ခုပ်၊ ခေနန်၊ သရက်ကုန်းနဲ့ မရမ်းချိုကျေးရွာဘက်မှာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတယ်လို့သိရပါတယ်။

Photo – NN

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013