Home
မြန်မာသတင်း
ဒေါ်လာရောင်းချမှုကြောင့် စက်သုံးဆီဈေး အနည်းငယ်ကျရိပ်ပြ
DVB
·
February 7, 2025
oil_07022024

စစ်ကောင်စီ ဗဟိုဘဏ်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စက်သုံးဆီတင်သွင်းဖို့အတွက အမေရိကန်ဒေါ်လာကို ဆက်တိုက် ထုတ်ရောင်းပြီးနောက် စက်သုံးဆီ ဈေးအနည်းငယ် ပြန်ကျလာပါတယ်။

ဒီကနေ့ ရန်ကုန် လက်လီဈေးနှုန်းတွေအရ ဓာတ်ဆီတလီတာဈေးဟာ ၂၀ ကျပ်ကနေ ၄၀ ကျပ်အတွင်း ပြန်ကျလာခဲ့ပြီး ဒီဇယ်ဈေးကလည်း တလီတာကို ၈၀ ကျပ်ကနေ ၁၁၅ ကျပ် အကြား ပြန်ကျဆင်းလာပါတယ်။

နိုင်ငံခြားငွေ ဈေးကွက်မှာလည်း ဒေါ်လာငွေလဲနှုန်း အကျဘက်မှာ ရှိနေသလို စင်ကာပူ MOPS ဈေးတွေကလည်း ပြန်ကျရိပ်ပြနေတာ တွေ့ရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်း ပြင်ပဒေါ်လာပေါက်ဈေးက ၄၅၃၀ ကျပ် ဝန်းကျင်ရှိနေချိန်မှာ ရန်ကုန်မြို့ရဲ့ စက်သုံးဆီပေါက်ဈေးတွေက 92 Ron တလီတာကို ၃၁၆၀ ကျပ်၊ 95 Ron တလီတာကို ၃၂၂၀ ကျပ်၊  ဒီဇယ်တလီတာကို ၂၇၃၅ ကျပ်၊ ပရီမီယမ် ဒီဇယ် တလီတာကို ၃၃၇၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကလည်း စက်သုံးဆီအပါအဝင် အရေးကြီးသွင်းကုန်တွေ တင်သွင်းမှုအတွက် လိုအပ်တဲ့ ဒေါ်လာတွေကို  မကြာခဏ ထုတ်ရောင်းပေးနေတာပါ။

ဗဟိုဘဏ်ဟာ စက်သုံးဆီလုပ်ငန်းတွေအတွက် ဇန်နဝါရီ ၁၃ ရက်မှာ ဒေါ်လာ ၂၅ သန်း၊ ဇန်နဝါရီ ၃၀ ရက်မှာ ဒေါ်လာသန်း ၂၀၊ ဖေဖော်ဝါရီ ၅ ရက်မှာ ဒေါ်လာ ၂၃ သန်း ထုတ်ရောင်းပေးမယ်လို့ ကြေညာခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013