Home
မြန်မာသတင်း
ဆိုလာစနစ်ဖြင့် တပိုင်တနိုင် လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ရန် ဒုစစ်ခေါင်းဆောင်ပြော
DVB
·
February 6, 2025

အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေအနေနဲ့ ဆိုလာစနစ်နဲ့ တပိုင်တနိုင် လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်စေလိုတယ်လို့ ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။

နေပြည်တော်မှာပြုလုပ်မယ့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်ခဲ့ရာမှာ ဒုစစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ဆောင်ရွက်ခြင်းအားဖြင့် စက်မှုဇုန်တွေမှာ လျှပ်စစ်မီးမလုံလောက်တဲ့ စိန်ခေါ်မှုကို ကျော်လွှားနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိ သီလဝါစက်မှုဇုန်မှာ ကုမ္ပဏီ ၆ ခုက ဆိုလာစနစ်နဲ့ လျှပ်စစ်ဓာတ်အား ၄ ဒသမ ၉ မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲနေပြီး အဲဒါကို နမူနာယူကာ တခြားကုမ္ပဏီတွေကလည်း ဆိုလာစနစ်နဲ့ လျှပ်စစ်ဓာတ်အား ၈ မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ် စတင်ချိန်ကစပြီး တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ လျှပ်စစ်မီးကို လုံလောက်စွာ မပေးနိုင်တော့ဘဲ အလှည့်ကျစနစ်နဲ့သာ ဖြန့်ဖြူးနေခဲ့ရတာပါ။

ဒါကြောင့် စစ်‌ခေါင်းဆောင်တွေဟာ ဆိုလာစနစ်ကို အဓိကထား အသုံးပြုကြဖို့ မကြာခဏ ‌တိုက်တွန်းလေ့ရှိပါတယ်။

မကြာသေးခင်ကပဲ အခမ်းအနားတခုမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အိမ်ရာတွေက တနိုင်တပိုင် ဆိုလာစနစ်ကနေ နိုင်ငံတော်ကို လျှပ်စစ်ဓာတ်အား ပြန်လည်ထောက်ပံ့ပေးဖို့ ပြောခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013