
ဂါဇာစစ်ပွဲအတွင်း အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်အထိ ပါလက်စတိုင်း သေဆုံးသူဦးရေဟာ ၄၇,၄၉၈ ဦးအထိ မြင့်တက် လာခဲ့တယ်လို့ ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီ ၃ ရက်မှာ ပြောပါတယ်။
သေဆုံးသူ အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ပြီး ထောင်ချီတဲ့လူတွေဟာ အပျက်အစီးတွေအောက်မှာ နစ်မြုပ်နေဆဲပါ။ လူပေါင်း ၁၁၁,၅၉၂ ဦး ဒဏ်ရာရခဲ့ပြီးပါပြီ။
ဂါဇာစစ်ပွဲကြောင့် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ သိသိသာသာ လူသေဆုံးမှုအပြင် ဂါဇာ ကမ်းမြောင်ရဲ့ အခြေခံအဆောက်အဦတွေကို ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးစေခဲ့ပါတယ်။
Source-Reuters