Home
နိုင်ငံတကာ
အစ္စရေးဓားစာခံ ၃ ဦးကို ဟားမတ်စ် လွှဲပြောင်းပေး
DVB
·
February 2, 2025
Photo: REUTERS/Mohammed Torokman

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ဟားမတ်အဖွဲ့ဟာ အစ္စရေးဓားစာခံ ၂ ယောက်ကို ကြက်ခြေနီအဖွဲ့ ဆီကို ဖေဖော်ဝါရီ ၁ ရက်မှာ လွှဲပြောင်းပေးခဲ့ပါတယ်။ 

၃ ဦးမြောက် ဖမ်းဆီးထားသူကိုလည်း မနက်ပိုင်းမှာ လွှဲပြောင်းပေးမယ်လို့ မျှော်လင့်ရပါတယ်။

ပထမဆုံးအနေနဲ့ ဂါဇာတောင်ပိုင်းမြို့ဖြစ်တဲ့ ခန်းယူနစ်မြို့မှာ ပြင်သစ်- အစ္စရေး နှစ်နိုင်ငံသားဖြစ်တဲ့ ကယ်ဒါရွန်ကို ကြက်ခြေနီအဖွဲ့ဆီကို လွှဲပြောင်းပေးခဲ့ပြီး ယာဒန်ဘီဘတ်စ်ကို လွှဲပြောင်းပေးမှာဖြစ်ပါတယ်။ 

အမေရိကန်နဲ့ အစ္စရေး နှစ်နိုင်ငံသားဖြစ်တဲ့ ကိတ်ဆီဂယ်ကိုလည်း စနေနေ့မှာပဲ တခြားနေရာ တနေရာမှာ လွှဲပြောင်းပေးသွားဖွယ်ရှိပါတယ်။ 

အစ္စရေးဘက်ကတော့ ပါလက်စတိုင်း ၁၈၂ ယောက်ကို လွှဲပြောင်းပေးမယ်လို့ မျှော်လင့်တဲ့အကြောင်း ဟားမတ်စ်က ပြောပါတယ်။ 

အပတ်အခတ်ရပ်စဲဖို့ အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ အီဂျစ်နဲ့ ကာတာတို့က ဖျန်ဖြေပေးခဲ့ကြတာ ဖြစ်ပြီး ဂါဇာမှာ အပစ်ရပ်ရေး သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။  

၆ ပတ်ကြာ အပစ်ရပ်မှုအစပိုင်းမှာ အကြမ်းဖက်မှုတွေရှိတယ်လို့ နှစ်ဖက် အပြန်အလှန် စွပ်စွဲမှုတွေရှိပေမဲ့ အပစ်ရပ်ရေးလမ်းကြောင်းပေါ်မှာ ဆက်ပြီးရှိနေပါတယ်။ 

၂၀၂၃ အောက်တိုဘာ ၇ ရက်က ဟားမတ်ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ သေဆုံးခဲ့ပြီး လူ ၂၅၀ ကျော် ဓားစာခံဖြစ်ခဲ့တယ်လို့ အစ္စရေးက ဖော်ပြခဲ့ပါတယ်။ 

အဲဒီအဖြစ်အပျက်အပြီးမှာ အစ္စရေးက လက်တုံ့ပြန်မှု စတင်ခဲ့ပြီး လူနေထူထပ်တဲ့ ဂါဇာကမ်းမြောင်ကို ထိုးစစ်ဆင်ခဲ့ပါတယ်။ 

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၄၇,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအဖွဲ့က ပြောထားပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013