Home
မြန်မာသတင်း
လာအိုရောက် စစ်တပ်ဆန့်ကျင်သူများကို ဖမ်းဆီးပြန်ပို့ပေးရန် စစ်ကောင်စီ တောင်းဆို
DVB
·
January 31, 2025

မြန်မာနိုင်ငံကနေ လာအိုနိုင်ငံကို ထွက်ပြေးသွားပြီး စစ်တပ်ကို ဆန့်ကျင်နေသူတွေကို ဖမ်းဆီးပြန်ပို့ပေးဖို့ မြန်မာ-လာအို နယ်ခြားလုံခြုံရေးအစည်းအဝေးမှာ စစ်ကောင်စီဘက်က တောင်းဆိုခဲ့ပါတယ်။

လာအိုနိုင်ငံ၊ ဗန်ဗီယန်းမြို့မှာ ဇန်နဝါရီ ၂၈ ရက်ကနေ  ၃၁ ရက်အထိ ပြုလုပ်ခဲ့တဲ့ ၅ ကြိမ်မြောက် လာအို-မြန်မာ ပူးတွဲ နယ်ခြားလုံခြုံရေးကော်မတီ အစည်းအဝေးမှာ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မင်းမင်းစိုးက ဆွေးနွေးခဲ့တာလို့ တြိဂံတိုင်းစစ်ဌာနချုပ် (တသခ) နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“လာအိုနိုင်ငံဘက်က မူးယစ်ဆေး၊ လက်နက်နဲ့ လူမှောင်ခိုကိစ္စတွေ ဆွေးနွေးတယ်။ မြန်မာဘက်က လာအိုမှာရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖမ်းပေးဖို့ ဆွေးနွေးတယ်။ မဲခေါင်မြစ်တလျှောက် နှစ်ဖက်စစ်တပ်ပါတဲ့ RBC အဖွဲ့တွေ ပေါင်းပြီး ကင်းလှည့်ဖို့လည်း ပါတယ်။”

အဆိုပါအစည်းအဝေးကို လာအိုနိုင်ငံမှ စစ်တပ်အရာရှိများ တက်ရောက်ပြီး မြန်မာနိုင်ငံဘက်က ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မင်းမင်းစိုး ဦးဆောင်တဲ့ တြိဂံတိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးတွေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီ ၁၃ ရက်က လာအိုနိုင်ငံက ဖမ်းဆီးပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၅၂(က) နဲ့ အမှုဖွင့်ပြီး ထောင်ချခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

၂၀၁၆ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ လာအို-မြန်မာ ပူးတွဲ နယ်ခြားလုံခြုံရေးကော်မတီအနေနဲ့ နှစ်နိုင်ငံစစ်တပ်များ ပါဝင်တဲ့ ဒေသနယ်ခြားကော်မတီ (Regional Border Committee) RBC ဖွဲ့စည်းကာ နယ်စပ်လုံခြုံရေးအတွက် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013