တရုတ်ကုမ္ပဏီ DeepSeek ရဲ့ နည်းပညာဟာ အမေရိကန်ကုမ္ပဏီတွေအတွက် တွန်းအားတခု ဖြစ်သင့်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
တရုတ်ကုမ္ပဏီတွေက ဈေးသက်သာပြီး မြန်ဆန်တဲ့ ဉာဏ်ရည်တု နည်းပညာတခု တီထွင်နိုင်ခဲ့တာဟာ ကောင်းတဲ့ကိစ္စ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“တရုတ်ကုမ္ပဏီရဲ့ DeepSeek AI ထွက်ပေါ်လာတာဟာ ကျုပ်တို့လုပ်ငန်းတွေအနေနဲ့ အနိုင်ရဖို့ ပြိုင်ဆိုင်မှုအပေါ် အာရုံစိုက်ရမယ်ဆိုတဲ့ လှုပ်နှိုးခေါ်ဆိုမှုတခု ဖြစ်သင့်ပါတယ်” လို့ ဖလော်ရီဒါပြည်နယ်မှာ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
တရုတ်ခေါင်းဆောင်တွေက အမေရိကန်မှာ ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင်တွေ ရှိတယ်လို့ သူ့ကို ပြောပြခဲ့တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
တရုတ်လုပ်ငန်းတွေက ဈေးသက်သာတဲ့ AI နည်းပညာ တီထွင်နိုင်ရင် အမေရိကန်ကုမ္ပဏီတွေလည်း လိုက်လုပ်နိုင်လိမ့်မယ်လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
Source : Reuters