Home
မြန်မာသတင်း
ရပ်နားထားသည့် အင်းတော်မြို့သိမ်း တိုက်ပွဲ ပြန်လည်စတင်၊ တိုက်ပွဲပြင်းထန်
DVB
·
January 27, 2025
inntaw

စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့တွင်းတိုက်ပွဲ ဆင်နွှဲနေတဲ့ အင်းတော်မြို့ သိမ်းတိုက်ပွဲကို ဇန်နဝါရီ ၂၇ ရက် မနက် အစောပိုင်းမှာ ပြန်လည်စတင်ကာ တိုက်ပွဲပြင်းထန်နေပြီးတော့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုလဲ အပြင်းအထန်ပြုလုပ်နေတယ်လို့ အင်းတော်မြို့နယ်က မြေပြင် သတင်းရင်းမြစ်တစ်ဦးကနေ သိရပါတယ်။

တိုက်ပွဲဟာ မနက် ၅ နာရီ အချိန်ကနေ စတင်ဖြစ်ပွားနေပြီးတော့ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ လာရောက်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

“တိုက်ပွဲပြန်စနေတာ ဟုတ်တယ်ဗျ၊ အသေးစိတ်ကြီးကတော့ မသိရသေးဘူးပေါ့လေ၊ မနက်ကဆို လေယာဉ်တွေနဲ့ လာကြဲတယ်ဗျ၊ မနက် ၅ နာရီလောက်ထဲကနေ စဖြစ်နေတာ။” 

အင်းတော်မြို့ အများစုကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိင်ပြီး စစ်ကောင်စီဘက်က အခိုင်အမာ တပ်စွဲထားတဲ့ အင်းတော်မြို့အဝင်က ဘုရားကုန်းကို ဝိုင်းဝန်းတိုက်ခိုက်နေတာလို့ သိရပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ၂၀၂၄ ခု ဩဂုတ်လကတည်းက စစ်ကောင်စီတပ်သားတွေက ပြည်သူ ၁၀၀၀ ဝန်းကျင် မြို့တွင်းကနေ ထွက်ခွာခွင့် မပေးတာကြောင့် မြို့ထဲပိတ်မိနေရာကနေ တဖြည်းဖြည်းနဲ့ ပြည်သူအများစု ထွက်ပြေးလွတ်မြောက်လာရာကနေ ပြည်သူ ၄၀ ဝန်းကျင် စစ်ကောင်စီတပ်သားတွေနဲ့ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ အတူကျန်ရှိနေတဲ့ ပြည်သူ ၄၀ ဝန်းကျင်ဟာ Non-CDM တွေ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲငြိမ်သက်နေတဲ့ ဇန်နဝါရီလအတွင်းမှာလည်း ပိတ်မိနေတဲ့ ပြည်သူ ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်သားတွေက စားနပ်ရိက္ခာဝေမျှစားသောက်ဖို့ အခက်အခဲဖြစ်လာတာကြောင့် ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အင်းတော်မြို့က ပြည်သူတွေကလည်း တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၄ ခု ဩဂုတ်လအတည်းက နီးစပ်ရာ ကျေးရွာတွေမှာ တိမ်းရှောင်နေထိုင်နေကြရတယ်လို့ သိရပါတယ်။

နီးစပ်ရာကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ အင်းတော်မြို့က ပြည်သူတွေအတွက် အစားအသောက်နဲ့ နေရာထိုင်ခင်း အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013