ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့က နိုင်ငံတကာ ဂွါရူဟို့စ်လေဆိပ်မှာ ဇန်နဝါရီ ၂၄ ရက်က ဂိတ်ပေါက်တခုမှာ လေယာဉ်ရပ်ထားချိန် လေယာဉ်အမြီးကို မိုးကြိုးပစ်တဲ့ အခိုက်အတန့်ကို မျက်မြင်သက်သေတယောက်က ဗီဒီယို ရိုက်ကူးထားနိုင်ခဲ့ပါတယ်။
အဲဒီနေရာရဲ့ ရုပ်သံဖိုင်နဲ့ ဂြိုဟ်တုပုံရိပ်တွေကို တိုက်ဆိုင်စစ်ဆေးတဲ့အခါ ကိုက်ညီနေပြီး လေဆိပ်တာဝါတိုင်တွေရဲ့ ကောက်ကြောင်းတွေနဲ့ တည်နေရာကို သီးခြားအတည်ပြုနိုင်ခဲ့ပါတယ်။
လန်ဒန်ကို ဦးတည်ပျံသန်းလာတဲ့ ဗြိတိန်အဲဝေး လေယာဉ်ဟာ အခင်းဖြစ်ပွားပြီးတဲ့နောက် ဘေးကင်းရေး စစ်ဆေးဖို့ မိုးကြိုးပစ်ခံရအပြီး ရွှေ့ပြောင်းသွားခဲ့တယ်လို့ မျက်မြင်သက်သေ ဘန်းဟာ့ဒ်ဝါးက ပြောပါတယ်။
အပျက်အစီးအနည်းငယ်ကို ပြုပြင်ထားပြီးတဲ့နောက် လေယာဉ်ဟာ ပျံသန်းဖို့ စီစဉ်ထားတဲ့ အချိန်ထက် ၆ နာရီနီးပါးကြာအောင် နောက်ကျပြီးမှ ထွက်ခွာသွားတယ်လို့ မျက်မြင်သက်သေက ပြောပါတယ်။
Source : Reuters