အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ ဇန်နဝါရီ ၂ ရက်က လေယာဉ်အသေးတစီး ကုန်သိုလှောင်ရုံကို ဝင်တိုက်ခဲ့တာကြောင့် လူ ၂ ယောက်သေပြီး ၁၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
လေယာဉ်အသေးတစီးဟာ နေ့လယ် ၂ နာရီ ၁၅ မိနစ်လောက်မှာ ကုန်သိုလှောင်ရုံကို ဝင်တိုက်မိတာဖြစ်ပြီး ခေါင်မိုးပေါက်ကာ မီးခိုးတွေ ထွက်ခဲ့တယ်လို့ ကောင်းကင်ဓာတ်ပုံတွေက ဖော်ပြပါတယ်။
ကုန်လှောင်ရုံကို ဝင်တိုက်မိခဲ့တဲ့ လေယာဉ်က အင်ဂျင်တလုံးတပ်လေယာဉ် ဖြစ်တယ်လို့ ABC သတင်းဌာနက ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ်အတွင်း လေယာဉ်ပျက်ကျမှု မတော်တဆမှု စတဲ့အဖြစ်အပျက်တွေ အပါအဝင် လေယာဉ်နဲ့ပတ်သက်တဲ့ ထိခိုက်မှုပေါင်း ၇၂ ခု ရှိခဲ့တာ တွေ့ရပါတယ်။
ဇန်နဝါရီ ၂ ရက်က ဖြစ်ပွားခဲ့တဲ့ လေယာဉ်မတော်တဆမှုဟာ ၂၀၂၅ ခုနှစ် နှစ်သစ်အတွက် ပထမဆုံးအကြိမ် လေယာဉ်မတော်တဆမှုပဲ ဖြစ်ပါတယ်။
Source : Reuters