စပါးအသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ နည်းပြပို့စ်တီကိုဂလူက ဝန်ခံပြောသွားပါတယ်။
လက်စတာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ပို့စ်တီကိုဂလူရဲ့ အနာဂတ် မရေမရာဖြစ်လာခဲ့တာပါ။
ဒီရလဒ်ကြောင့်ပွဲစဉ် ၂၃ အပြီးမှာ အဆင့် ၁၃ နေရာရောက်သွားခဲ့ပြီး နည်းပြရာထူးအတွက် အာမခံချက်မရှိတော့ကြောင်း နည်းပြ ပို့စ်တီကို ဂလူက ဝန်ခံပြောသွားတာပါ။
ရလဒ်ဆိုးတွေအပေါ် အသင်းပရိသတ်တွေက မပျော်မရွှင်ဖြစ်နေကြတာကို နားလည်လက်ခံပြီး အထူးသဖြင့် အိမ်ကွင်းပွဲစဉ်တွေမှာ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှု လိုအပ်ကြောင်း နည်းပြ ပို့တီကိုဂလူက ပြောပါတယ်။
စပါးအသင်းမှာ ဒဏ်ရာ ပြဿနာတွေရှိနေတာက နည်းပြပို့စတီကိုဂလူအတွက် အခက်အခဲဖြစ်စေခဲ့ပါတယ်။