ဒီကနေ့မနက် ရန်ကုန်မြို့မှာ မြူဆိုင်းခဲ့သလို အအေးဓာတ်လည်း ပိုခဲ့ပါတယ်။ ဒီလိုဆောင်းတွင်းမှာ မြူဆိုင်းလေ့ရှိတာက ရံဖန်ရံခါသာ ဖြစ်ပေါ်လေ့ရှိတာမို့ ရန်ကုန်မြို့ခံတွေကတော့ ဒီအခြေနေကိုကြိုက်နှစ်သက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်မှာ အရပ်ဘက်မိုးလေဝသ အခြေအနေစောင့်ကြည့်လေ့လာသူဖြစ်တဲ့ ဦးဝင်းနိုင်က ဒီကနေ့မနက်အစောပိုင်း ၄ နာရီကနေ ၇ နာရီအတွင်း ဧရာဝတီတေုင်ပိုင်းဒေသ၊ ရန်ကုန်နဲ့ ပဲခူးမြစ်တလျှောက်နဲ့ အဲဒီဒေသတောင်ပိုင်းတလျှောက်မှာ တိမ်နိမ့်တွေဖြစ်ပေါ်နိုင်ပြီး မြူဆိုင်းတဲ့ အခြေနေတွေဖြစ်ပေါ်နိုင်တယ်လို ကြိုတင်ပြောကြားထားပြီး လေကြောင်းနဲ့၊ ရေကြောင်းခရီးစဥ်တွေအတွက် အန္တရာယ်ရှိကြောင်း ကြိုတင်သတိပေးထားပါတယ်။
ဒါ့အပြင် အိန္ဒိယမြောက်ပိုင်းကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေအေးတွေက ဟုမ္မလင်းမြို့ကစပြီး ရခိုင်ရိုးမကတဆင့် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့အောက်ပိုင်းတွေကို ဆက်လက်တိုက်ခတ်မှာဖြစ်လို့ လာမယ့် မနက်ပိုင်းကာလတွေမှာ ဆက်ပြီးအေးနေဦးမှာဖြစ်ပါတယ်။