လော့အိန်ဂျလိစ်တောမီးကြောင့် လေထုညစ်ညမ်းမှုမြင့်တက်ပြီး ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။
အမေရိကန်ရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ လော့အိန်ဂျလိစ် တောမီးကြောင့် ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုက သေစေနိုင်တဲ့အထိ အန္တရာယ်ရှိတယ်လို့ ပညာရှင်တွေက သတိပေးထားတာဖြစ်ပါတယ်။
အာဏာပိုင်တွေကတော့ လေထုသန့်စင်မှုနဲ့ပတ်သက်ပြီး သတိပေးထားသလို ကျောင်းတွေလည်း ပိတ်ထားတာတွေ့ရပါတယ်။
တောမီးကြောင့် အဆောက်အဦး ၁၀၀၀၀ ကျော် ပျက်ဆီးခဲ့ရပြီး မီးခိုးတွေ၊ ကျပ်ခိုးတွေ၊ ပြာတွေက လေထုထဲမှာ များပြားနေတာဖြစ်ပါတယ်။
လေသန့်စင်စက်တွေလည်း ရောင်းကုန်တဲ့အထိဖြစ်နေတဲ့အကြောင်း အင်တာဗျူးတခုမှာ အလုပ်သမားတယောက်က ပြောပါတယ်။
လေထုညစ်ညမ်းမှုတွေကြောင့် တချို့ဒေသခံတွေက ပြတင်းပေါက်တွေဖွင့်ထားရတဲ့အထိ အိမ်တွေထဲထိ လေထုညစ်ညမ်းမှုတွေ ဖြစ်နေတာပါ။
လော့အိန်ဂျလိဂ် တာဝန်ရှိသူတွေကလည်း မီးခိုးတွေကြောင့် ပြည်သူတွေ အိမ်ထဲမှာပဲနေကြဖို့ တိုက်တွန်းထားပါတယ်။
ပါဆာဒီနာကွန်ဗန်းရှင်းစင်တာမှာ ယာယီတဲတွေ ထိုးထားပြီး ရှောင်ပင်းလူမူကူညီရေးအဖွဲ့က နှာခေါင်းစည်း ဝေတာမျိုးတွေလည်း သောကြာနေ့က ပြုလုပ်ခဲ့ပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးပရိုဂရမ်မန်နေဂျာ ဆန်နီလီက မီးဘေးကြောင့် အိမ်တွေ ပျက်စီးခဲ့ရတဲ့သူတွေအနေနဲ့ ဆိုးရွားတဲ့ လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
Source-Reuters