ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှာ ဇန်နဝါရီ ၃ ရက်က မီးခိုးမြူတွေ ဖုံးလွှမ်းနေပြီး လေထုညစ်ညမ်းမှု မြင့်တက်လာလို့ ဒေသခံတချို့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
သက်ကြီးရွယ်အိုတွေ အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ခံစားရတဲ့ လူတွေဟာ အသက်ရှူရခက်နိုင်တယ်လို့ အသက် ၆၄ နှစ်အရွယ် ဒေသခံ လျူမင်းဒွတ်က ပြောပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းက လေထုအရည်အသွေးအဆင့်က သောကြာနေ့မှာ လေထု အရည်အသွေးညွှန်းကိန်း (AQI) ရမှတ် ၃၀၅ နဲ့ ‘အန္တရာယ်’အဆင့် သတ်မှတ်ထားပါတယ်။
ကမ္ဘာတဝန်းမြို့ကြီးတွေက လေထုညစ်ညမ်းမှုအဆင့်ကို ခြေရာခံတဲ့ ဆွစ်ဇာလန်အုပ်စု IQAir က ရဲ့ဆန်းစစ်ချက်နဲ့ သတ်မှတ်တာဖြစ်ပါတယ်။
ထူထပ်တဲ့ မီးခိုးမြူတွေဟာ အများအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုတွေ၊ အမှိုက်မီးရှို့တာတွေနဲ့ စက်မှုလုပ်ငန်းတွေကြောင့် ဖြစ်တာပါ။ မီးခိုးမြူတွေကြောင့် မြို့တော်ရဲ့လမ်းမတွေမှာ လွန်ခဲ့တဲ့ သီတင်းပတ်နည်းနည်းအတွင်း မနက်စောစောမြင်နိုင်စွမ်းကို သိသိသာသာ လျော့ကျစေခဲ့ပါတယ်။
Source: Reuters