ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်ရှိ ကော်ဖီဆိုင်တဆိုင်မှာ မီးလောင်မှုကြောင့် လူ ၁၁ ယောက် သေဆုံးခဲ့ပြီး မီးစရှို့တယ်လို့ သံသယရှိသူ အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းမိထားကြောင်း ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
အသက် ၅၀ အရွယ် သံသယရှိသူ အမျိုးသားဟာ ဝန်ထမ်းတွေနဲ့ စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၈ ရက်မှာ အထပ် ၃ ထပ်ရှိ ကော်ဖီဆိုင်ရဲ့ မြေညီထပ်မှာ ဓာတ်ဆီကို အသုံးပြုပြီး မီးရှို့ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အွန်လိုင်းသတင်းစာ VnExpress က ဗီဒီယိုဖိုင်ထဲမှာ မီးသတ်သမားတွေဟာ မီးငြှိမ်းသတ်ဖို့ လုပ်ဆောင်နေပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း ဖယ်ရှားနေကြောင်း တွေ့ရပါတယ်။
မီးလောင်မှုကို ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီလောက်မှာ စတင်တွေ့ရှိခဲ့ကြောင်း ရဲတွေက ပြောပါတယ်။
မီးလောင်မှုကနေ လူ ၇ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၂ ယောက်ကို ဆေးရုံတင်ထားရကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source : Reuters