Home
မြန်မာသတင်း
AA ကျူးလွန်သည့် စစ်သုံ့ပန်းနှိပ်စက်မှု  စုံစမ်းစစ်ဆေးရန် Fortify Rights တောင်းဆို
DVB
·
January 25, 2025
Photo-Fortify Rights

အာရက္ခတပ်တော် (AA) ကဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို ညှဉ်းပန်းနှိပ်စက်နေတဲ့ ရုပ်သံဖိုင်တခု ထွက်ပေါ်လာအပြီးမှာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ဆောင်ချက်တွေဖြစ်လို့ စုံစမ်းစစ်ဆေးသင့်တယ်လို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က ဇန်နဝါရီ ၂၃ ရက်က ထုတ်ပြန် ပါတယ်။

ရုပ်သံဖိုင်မှာ ရက္ခိုင့်တပ်တော်ဖွဲ့ဝင်တချို့က  စစ်ကောင်စီတပ်သားနဲ့ အရပ်ဝတ်နဲ့ဖမ်းဆီးထားသူ ၂ ယောက်ကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေတာကိုတွေ့ရှိထားပြီး ဗီဒီယိုမှတ်တမ်းတွေဟာ စစ်မှန်နေတယ်လို့ Fortify Rights ကတွေ့ရှိခဲ့တာဖြစ်ပါတယ်။

Fortify Rights လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ ဧဂျက်ဇ်မင်းခန့်က “အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားတဲ့  ရန်သူ့တပ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရား လက်လွတ်ကွပ်မျက်တာ စစ်ရာဇဝတ်မှုမြောက်တယ်”လို့  က ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ AA ရဲ့ပြောခွင့်ရ ဦးခိုင်သုခကတော့ ဒီဖြစ်ရပ်ကိုဝန်ခံထားပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့တပ်သားတွေကို အပြစ်ပေး ထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ် အခြေစိုက်မီဒီယာတချို့နဲ့ သတင်းမီဒီယာတချို့ကို ပြောထား ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024