ရုရှားနိုင်ငံ မော်စကို အရှေ့တောင်ဘက်က ရဲဇန်းဒေသရဲ့ အဓိကမြို့ပေါ်ကို ဇန်နဝါရီ ၂၄ ရက် သောကြာနေ့ အစောပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့အပြီး နောက်ဆက်တွဲကိစ္စရပ်တွေကို အရေးပေါ်တပ်ဖွဲ့ဝင်တွေ ကိုင်တွယ်ဖြေရှင်းနေတယ်လို့ ရဲဇန်းဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သောကြာနေ့က ထုတ်ပြန်တဲ့ လူမှုမီဒီယာနဲ့ လှုပ်ရှားနေတဲ့ ယာဉ်တစီးကနေ ရိုက်ကူးရရှိထားတဲ့ ရုပ်သံဖိုင်တွေမှာ လေကြောင်းတိုက်ခိုက်မှုအပြီး ရေနံချက်စက်ရုံကနေ မီးတောက်ကြီးတွေနဲ့ မီးခိုးလုံးကြီးတွေ ထွက်လာတာကို တွေ့ရပါတယ်။
ရဲဇန်းဒေသမှာလေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာအပြီးမှာ မီးလောင်နေတဲ့ ရေနံချက်စက်ရုံမှ လူတွေပြေးထွက်လာကြတာကို ရိုက်ကူးမိထားတဲ့ မျက်မြင်သက်သေ ဗီဒီယိုကို ဇန်နဝါရီ ၂၄ ရက် သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ရဲဇန်း ဒေသ အုပ်ချုပ်ရေးမှူး ပါဗဲလ်မာလ်ကော့ဗ်က လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဒေသတွင်းရှိ ဒရုန်းတွေကို ဖျက်ဆီးခဲ့ကြောင်း တယ်လီဂရမ်မှာ ပြောထားပါတယ်။
တရားဝင်မဟုတ်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဘလော့ဂါတွေဟာ မြို့တော်က မီးလျှံကြီးလို့ ရေးသားဖော်ပြထားတဲ့ ဗီဒီယိုတွေကို တင်ခဲ့ပြီးတော့ ဆီသိုလှောင်ရုံ တခုနဲ့ ဓာတ်အားပေးစက်ရုံ တရုံ ထိခိုက်သွားခဲ့ကြောင်း သိရပါတယ်။
Source : Reuters