ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းအတွက် မှန်ကန်သင့်တော်တဲ့ တိုက်စစ်မှူး ရရှိမှသာ ခေါ်ယူသွားမှာဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတေတာကပြောပါတယ်။
အာဆင်နယ်မှာ အဓိက တိုက်စစ်ကစားသမား ဘာကာရို ဆာကာက မတ်လအထိ အနားယူရမှာဖြစ်သလို ဂါဘရီယယ်ဂျေဆုဟာလည်း ရာသီကုန်တဲ့အထိ အနားယူရနိုင်လို့ တိုက်စစ်ကစားသမားသစ်လိုအပ်နေတာပါ။
နည်းပြအာတေတာကတော့ တိုက်စစ်မှူးဝယ်ယူဖို့ ရှိပေမဲ့ အသင်းအတွက် မှန်ကန်သင့် တော်တဲ့သူရှိမှသာ ခေါ်ယူမှာဖြစ်ကြောင်း၊ အသင်းကို အမှန်တကယ်ကူညီနိုင်မယ့် ကစားသမားရှာ မတွေ့ရင်တော့ ခေါ်ယူသွားဖို့မရှိကြောင်း ပြောပါတယ်။
အာဆင်နယ်ဟာ ဒီတပတ်ပရီးမီးယားလိဂ်မှာ ဝုဗ် အသင်းကို အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး နောက်ခံလူ ဆာလီဘာပြန်ကစားနိုင်ဖို့ မသေချာသေးဘဲ လာမယ့် တပတ်လောက်မှ ပြန်လည်ပါဝင်နိုင်ဖို့သေချာမှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
Photo: Reuters