တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ မကြာသေးမီက တရုတ်နိုင်ငံ ဟွားယံဒေါင် ရေပိုင်နက်အတွင်း၊ အနီးပတ်ဝန်းကျင်နဲ့ လေပိုင်နက်အတွင်း တိုက်ပွဲတွေအတွက် အဆင်သင့်အနေအထားနဲ့ ကင်းလှည့်ခဲ့ပါတယ်။
တရုတ်ရဲ့ ပိုင်နက် အချုပ်အခြာအာဏာကို ကာကွယ်ဖို့ စစ်လေယာဉ်အမျိုးအစား အမျိုးမျိုးကိုလည်း ဖြန့်ကြက် ချထားခဲ့ပါတယ်။
ကင်းလှည့်ရာမှာပါတဲ့ လေယာဉ်တွေမှာ မတူညီတဲ့ စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်အမျိုးအစားတွေအပြင် H-6K ဗုံးကြဲလေယာဉ်တွေနဲ့ Su-30 တိုက်လေယာဉ်တွေ ပါပါတယ်။ ကျည်ဆန်တွေ တပ်ဆင်ထားပြီး တိုက်ပွဲအတွက် ပြင်ဆင်ထားပါတယ်။
ပေါင်းစပ်ဖွဲ့စည်းရာမှာ ကွဲပြားတဲ့ လေယာဉ်တွေကို ဗျူဟာမြောက် ဖြန့်ကျက်ခြင်းဟာ ဒေသတွင်းမှာ တရုတ်စစ်တပ်ရဲ့ အလုံးစုံတိုက်ခိုက်ရေး စွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးပါတယ်။
တရုတ်နိုင်ငံရဲ့ တောင်တရုတ်ပင်လယ် လေပိုင်နက်ကို ထိန်းချုပ်ဖို့ ပိုမိုစနစ်တကျ ချဉ်းကပ်နေပုံကို အချက်ပြတာလည်း ဖြစ်ပါတယ်။
PLA ဟာ တရုတ်နိုင်ငံရဲ့ ပိုင်နက် အချုပ်အခြာအာဏာနဲ့ ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးတွေ၊ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဟွားယံဒေါင် ဧရိယာမှာ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံစံနဲ့ ကင်းလှည့်တာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
Source : Reuters