
အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ဇန်နဝါရီ ၁၈ ရက်က ပစ်သတ်ခံခဲ့ရတဲ့ အီရန်တရားရုံးချုပ် တရားသူကြီး ၂ ယောက်ရဲ့ ဈာပနအခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်က တက်ရောက်ခဲ့ပါတယ်။
အသတ်ခံခဲ့ရတဲ့ တရားသူကြီးတွေက ရှီးယိုက်မွတ်စလင် ဘာသာရေးခေါင်းဆောင် မိုဟာမက် မိုဂီစီနဲ့ အလီ ရာဇီနီတို့ ဖြစ်တယ်လို့ တရားရေးဌာနက သတ်မှတ်ခဲ့ပါတယ်။
လုပ်ကြံသတ်ဖြတ်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ တရားသူကြီး ၂ ယောက်ဟာ သူလျှိုလုပ်မှုနဲ့ အကြမ်းဖက်ဝါဒ အပါအဝင် အမျိုးသားလုံခြုံရေးကိစ္စတွေမှာ ကာလကြာရှည် ပါဝင်ပတ်သက်ခဲ့တယ်လို့ တရားရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ဂါ ဂျာဟန်ဂီယာက နိုင်ငံပိုင်ရုပ်သံကို ပြောခဲ့ပါတယ်။
တရားရုံးချုပ်ထဲက တရားသူကြီးတွေကို ပစ်ခတ်ပြီးတဲ့နောက် တိုက်ခိုက်သူဟာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ပြီး တရားသူကြီးတယောက်ရဲ့ သက်တော်စောင့်တယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ဂျာဟန်ဂီယာက ပြောခဲ့ပါတယ်။
Source : Reuters