Home
သတင်းဓာတ်ပုံ
တောင်ကြီးမြို့၏သင်္ကေတ ချယ်ရီပန်းများပွင့်လန်းနေသည့် မြင်ကွင်း (ဓာတ်ပုံ)
DVB
·
January 21, 2025
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ တောင်တန်းတွေပေါ်မှာ အခုဆို ချယ်ရီပန်းတွေ လှလှပပနဲ့ အစွမ်းကုန် ပွင့်ဖူးနေတဲ့ အချိန်ကာလဖြစ်ပါတယ်။

တောင်ကြီးမြို့နယ်၊ ဂနိုင်ရွေးကျေးရွာ၊ ဗုဒ္ဓတက္ကသိုလ်အနီး နှစ်ပေါင်း ၈၀ လောက်ရှိပြီဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပထမအကြီးဆုံး ချယ်ရီပင်ကတော့ အလှပဆုံး ဖြစ်ပါတယ်။

ဂနိုင်ရွေးကျေးရွာမှာ ချယ်ရီပင်ကြီး ၃ ပင်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း ပထမအကြီးဆုံး ချယ်ရီပင်၊ ဒုတိယအကြီးဆုံး ချယ်ရီပင်၊ တတိယအကြီးဆုံးချယ်ရီပင်ဆိုပြီး သတ်မှတ်ခံခဲ့ရကာ အခုနှစ်မှာတော့ ပထမအကြီးဆုံး ချယ်ရီပင်တပင်သာ ပွင့်ပါသေးတယ်။

အခုနှစ်တောင်ကြီးမြို့မှာ ရာသီဥတုအအေးနောက်ကျလို့ ချယ်ရီပန်းလည်း နောက်ကျမှ ပွင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချယ်ရီပန်းက ရှမ်းပြည်နယ်ရဲ့ သင်္ကေတတခုဖြစ်ပြီး အဓိပ္ပါယ်ကတော့အချစ်၊ လွှမ်းမိုးခြင်း၊ အသစ်တဖန် ပြန်လည်မွေးဖွားခြင်းလို့ အနက်အဓိပ္ပါယ်ရပါတယ်။

ချယ်ရီပန်းကို နွေဦးရဲ့ပန်းလို့လည်း သတ်မှတ်ထားကြပြီး တနှစ်မှာ တခါသာပွင့်ပြီး အပွင့် ကြာမြင့်ချိန်မှာ ၇ ရက်မှ ၁၀ ရက်ခန့်သာ ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013