Home
သတင်းဓာတ်ပုံ
သမ္မတ ဒေါ်နယ်ထရမ့်ပ် ကျမ်းသစ္စာကျိန်ဆိုပွဲနေ့ ဝါရှင်တန်ဒီစီ မြင်ကွင်း (ဓာတ်ပုံ)
DVB
·
January 20, 2025

အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို မြို့တော်ဝါရှင်တန်ဒီစီမှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၂၀ ရက်က ကျင်းပမှာဖြစ်ပါတယ်။

အရင်က ကျမ်းသစ္စာကျိန်ဆိုပွဲတွေကို လွှတ်တော်အဆောက်အအုံ မြက်ခင်းပြင်မှာ ကျင်းပလေ့ရှိခဲ့ပေမဲ့ ဒီတကြိမ်မှာတော့ ရာသီဥတု ဆိုးရွားနေတာကြောင့် အဆောက်အအုံထဲမှာပဲ ပြုလုပ်သွားဖို့ တာဝန်ရှိသူတွေက စီစဉ်ထားပါတယ်။

လေ့လာသူတွေကတော့ ရာသီဥတုတမျိုးတည်းကြောင့် မဟုတ်ဘဲ ထရမ့်ပ်ရဲ့ လုံခြုံရေးအတွက်ပါ ထည့်သွင်းစဉ်းစားတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။

နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်ပ်က ဒီမိုကရက်ကိုယ်စားလှယ် ကမ်မလာဟားရစ်ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ပ်ဟာ မဲဆွယ်စည်းရုံးရာမှာ ပြည်တွင်းရေးကို ဦးစားပေးမယ်လို့ ကတိကဝတ်ပြုထားပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013