Home
နိုင်ငံတကာ
တောင်အာဖရိကတွင် ပိတ်မိ မိုင်းတွင်းလုပ်သားများနှင့် ရုပ်အလောင်းများကို ရှာတွေ့
DVB
·
January 15, 2025
Photo : Reuters

တောင်အာဖရိက အာဏာပိုင်တွေဟာ စွန့်ပစ်ရွှေတွင်းတခုက တရားမဝင် မိုင်းတွင်းလုပ်သားတွေကို ဖမ်းဆီးဖို့ လအတော်ကြာ ဝိုင်းရံထားခဲ့ပြီးနောက်မှာ တောင်အာဖရိက ကယ်ဆယ်ရေးအဖွဲ့တဖွဲ့ဟာ တရားမဝင် မိုင်းလုပ်သားတွေနဲ့ ရုပ်အလောင်း ဒါဇင်ပေါင်းများစွာကို ဆယ်ယူခဲ့ကြကြောင်း ဇန်နဝါရီ ၁၄ ရက်မှာ တာဝန်ရှိသူတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ ဩဂုတ်လကတည်းက တရားမဝင် သတ္တုတူးဖော်မှုကို နှိမ်နင်းမှု တစိတ်တပိုင်းအဖြစ် ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှ ကီလိုမီတာ ၁၅၀ (၉၃ မိုင်) အကွာရှိ စတေလ်ဖွှန်းတိန်းမြို့ရှိ မိုင်းတွင်းကို ဝိုင်းထားခဲ့တာပါ။

ရဲတပ်ဖွဲ့ဟာ အစောပိုင်းမှာ သတ္တုတွင်းလုပ်သားတွေကို အစားအစာနဲ့ ရေထောက်ပံ့မှုတွေကို ဖြတ်တောက်ခဲ့ကြပြီး ဒီဇင်ဘာလကျမှ တရားရုံးဟာ စေတနာ့ဝန်ထမ်းတွေကို လိုအပ်တဲ့ အကူအညီတွေ ပေးပို့ခွင့်ပြုသင့်ကြောင်း အမိန့်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် နှောင်းပိုင်းမှာ နောက်ထပ် တရားရုံးတခုက ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဇန်နဝါရီ ၁၃ ရက်မှာ စတင်ခဲ့ပြီး ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သား ၃၅ ယောက်ခန့်နဲ့ ရုပ်အလောင်းတွေကို မြေပြင်ပေါ် ပို့ဆောင်ပေးခဲ့ပါတယ််

အင်္ဂါနေ့ မနက်ပိုင်းမှာ အလားတူ မိုင်းတွင်းလုပ်သားတွေနဲ့ အလောင်းတွေကို သတ္တုလှောင်အိမ်တခုအတွင်းမှာ ထားရှိပြီး ၂ ကီလိုမီတာကျော် နက်ရှိုင်းတဲ့ မြေအောက်တွင်းကနေ ဆွဲတင်ခဲ့ကြပါတယ်။

ဗာလာအူမ်ဂိုဒီ ခေါ် ထွက်ပေါက်ပိတ်ဆို့ ဖမ်းဆီးတဲ့ နည်းလမ်းသုံးပြီး အစိုးရရဲ့ တရားမ၀င် သတ္တုတူးဖော်မှုကို ဖြိုခွင်းမှုအပေါ် လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

နိုဝင်ဘာလလယ်တုန်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးတယောက်ဟာ စတေလ်ဖွှန်းတိန်းမြို့မှ မိုင်းတွင်းလုပ်သားတွေကို မီးခိုးငွေ့မှုတ်သွင်းတဲ့နည်းနဲ့ ဖမ်းဆီးဖို့ အာဏာပိုင်တွေကို ပြောကြားခဲ့ပြီး သူတို့တွေကို ဘာအကူအညီမှ မပေးပို့ဖို့လည်း ပြောကြားခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013