အက်စတွန်ဗီလာအသင်းဟာ ဂျာမန်ကလပ် ဒေါ့မွန်တိုက်စစ်ကစားသမား ဒွန်ယဲမာလန်းကို ပေါင် ၂၁ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အသက် ၂၅ နှစ်ရှိ ဟော်လန်လက်ရွေးစင် ကစားသမားအတွက် ဗီလာအသင်းက ကနဦးပေါင် ၁၅ သန်းနဲ့ ထပ်ဆောင်းဆုကြေးပေးချေပြီး ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ဒေါ့မွန်အသင်းက ပယ်ချခဲ့ပါသေးတယ်။
အဲဒီနောက် ပေါင် ၂၁ သန်းအထိ ပြောင်းရွှေ့ကြေး တိုးမြှင့်ပေးခဲ့တာကြောင့် ကလပ် နှစ်သင်းကြားမှာ သဘောတူညီမှုရရှိခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။
ဥရောပပွဲစဉ်တွေလည်း ဆက်လက်ကစားရမယ့် ဗီလာအသင်းဟာ နောက်ထပ် အပြောင်းအရွှေ့တွေမှာလည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး လိုင်ယန်တိုက်စစ်မှူး နူအာမက် ကိုခေါ်ယူနိုင်ဖို့လည်း နီးစပ်နေပါတယ်။