ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (JSDF) က လေထီးတပ်သားတွေဟာ နှစ်စဉ်ကျင်းပနေကျ နှစ်သစ်ကူး စစ်ရေးလေ့ကျင့်ပွဲအတွက် အမေရိကန်လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဇန်နဝါရီ ၁၂ ရက်မှာ မီတာရာနဲ့ချီပြီး မြင့်တဲ့ လေယာဉ်တွေပေါ်ကနေ ခုန်ချခဲ့ကြပါတယ်။
ဂျပန်နိုင်ငံအလယ်ပိုင်း ဖုနဘရှိဒေသ နရရှိနို လေ့ကျင့်ရေးကွင်းမှာလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုဟာ ၂၀၂၅ ခုနှစ်မှာ ပထမဆုံး ဂျပန်-အမေရိကန် လေထီးတပ်လေ့ကျင့်မှုဖြစ်ပြီး ဖိလစ်ပိုင်နဲ့ ကနေဒါတို့လို တခြားမဟာမိတ်နိုင်ငံတွေက လေထီးတပ်သားတွေလည်း ပါဝင်လေ့ကျင့်ခဲ့တယ်လို့ JSDF တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်လေယာဉ်တွေပေါ်ကနေ လေထီးခုန်ချတာအပြင် JSDF ရဲ့ အမှတ် ၁ လေထီးတပ်မဟာက လေထီးစစ်သည်တွေဟာ tandem-rotor ရဟတ်ယာဉ်တွေပေါ်ကနေ ဆင်းသက်ခြင်း အပါအဝင် တိုက်ခိုက်ရေး လေ့ကျင့်ရာမှာလည်း ပါဝင်ခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့တဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်နာခတာနိက တနင်္လာ မနက်မှာ JSDF ရဲ့ နရာရှိနို စခန်းဆီသွားခဲ့ပြီး လေထီးခုန်လေ့ကျင့်ရေးစခန်းက လေထီးစစ်သည်တွေ လေ့ကျင့်တဲ့ မျှော်စင်ပေါ်ကနေ အောင်အောင်မြင်မြင် ခုန်ချခဲ့ပါတယ်။
Source : Reuters