ဆူဒန်နိုင်ငံရဲ့ အဓိကမြို့ဖြစ်တဲ့ ဝဒ်မဒါနီမြို့မှာ ဆူဒန်နိုင်ငံသားတွေဟာ စစ်တပ်အဖွဲ့ဝင်တွေနဲ့အတူ ဇန်နဝါရီ ၁၂ ရက်က အောင်ပွဲခံနေကြပါတယ်။
ဇန်န၀ါရီ ၁၁ ရက်မှာ ဒီမြို့ကို ပြိုင်ဘက် အမြန်ထောက်ပံ့ရေးတပ်ရဲ့ လက်ထဲကနေ စစ်တပ်က သိမ်းပိုက်ခဲ့တာပါ။
ဆူဒန်စစ်တပ်ဟာ အယ်လ်ဂဇီးရာပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဝဒ်မဒါနီရဲ့ အလယ်ပိုင်းကို ဝင်လာပြီး RSF တပ်ကို တွန်းလှန်လိုက်တာလည်း ဖြစ်ပါတယ်။
ဒီတိုက်ပွဲ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ရင် စစ်ပွဲ ၂ နှစ်နီးပါးအတွင်း အကြီးမားဆုံး အကျိုးအမြတ် ဖြစ်လာမယ်လို့ ဆူဒန်စစ်တပ်က စနေနေ့က ပြောပါတယ်။
တပြည်နယ်လုံးကို ပြန်သိမ်းယူခြင်းဟာ တပ်ဖွဲ့ ၂ ရပ်ပေါင်းစည်းရေးဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ၂၀၂၃ ခုနှစ် ဧပြီလမှာ စတင်ခဲ့တဲ့ စစ်ပွဲအတွင်း အချိုးအကွေ့တခု အဖြစ် အမှတ်အသားပြုနိုင်မှာပါ။
ဆူဒန်စစ်ပွဲကြောင့် လူပေါင်း ၁၂ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူဦးရေ ထက်ဝက်ဟာ ငတ်မွတ်မှုကို ရင်ဆိုင်နေရလို့ ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာမှု အကျပ်အတည်းတွေထဲက တခုဖြစ်လာခဲ့ပါတယ်။
နိုင်ငံရဲ့ အလယ်ပိုင်းနဲ့ မြို့တော် ခါတွန်မ်ရဲ့ တောင်ပိုင်းမှာရှိတဲ့ အယ်လ်ဂဇီးရာပြည်နယ်မှာ အရပ်သားတွေအပေါ် RSF ရဲ့ သွေးထွက်သံယို အပြင်းထန်ဆုံး တိုက်ခိုက်မှုတချို့ကို မြင်တွေ့ခဲ့ ရပြီးပါပြီ။
လယ်ကွင်းတွေကို မီးရှို့တာ၊ ဆေးရုံနဲ့ ဈေးတွေကို လုယက်တာနဲ့ ဆည်မြောင်းတွေ ရေလျှံတာ တွေကိုလည်း ကြုံတွေ့ခံစားခဲ့ရပါတယ်။
Source: Reuters