အသင်းဟောင်း အဲဗာတန်အသင်းရဲ့ ကမ်းလှမ်းမှုရရှိချိန်မှာ မငြင်းဆန်နိုင်ခဲ့ကြောင်း နည်းပြ မိုယက်စ်က ပြောသွားပါတယ်။
စကော့တလန်နည်းပြဟာ အဲဗာတန်မှာ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး မန်ယူအသင်းရဲ့ ကမ်းလှမ်းမှု ကြောင့်သာ အဲဗာတန်နဲ့ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာပါ။
အသင်းဟောင်းမှာ တကျော့ပြန် တာဝန်ယူမဲ့ အခွင့်အရေးအပေါ် မငြင်းဆန်နိုင်ခဲ့ဘဲ အသင်းဆီပြန် လည်ခွင့်ရခဲ့တဲ့အပေါ် ကျေနပ်မိကြောင်း နည်းပြ မိုယက်စ်က ပြောပါတယ်။
ပိုင်ရှင်သစ်တွေနဲ့အတူ အသင်းကိုပြန်လည်တည်ဆောက်သွားရမယ့်အပေါ် စိတ်လှုပ်ရှားမိတယ်လို့ နည်းပြမိုယက်စ်ကပြော သွားပါတယ်။
အဲဗာတန်ဟာ ပွဲစဉ် ၁၉ အပြီးမှာ တန်းဆင်းဇုန်ကအသင်းနဲ့ တမှတ်အကွာ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။
Photo-Reuters