Home
မြန်မာသတင်း
ပုလောမြို့ရှိ စရဖရုံး တိုက်ခိုက်ခံရ
DVB
·
January 7, 2025

တနင်္သာရီတိုင်း၊ ပုလောမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ (စရဖ) ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၆ ရက် ည ၁၁ နာရီ ၁၀ မိနစ်လောက်မှာ ပုလော PDF တွေက စရဖရုံးကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက “ကျနော်တို့ဘက်က စတင်ပစ်ခတ်တဲ့အချိန်မှာ သူတို့ဘက်က သေနတ်နဲ့ ၆ ချက်ပစ်ပြီး ထွက်ပြေးသွားတယ်။ သူတို့ပြေးသွားတော့ ကျနော်တို့ဘက်က စရဖရုံးကို ဝင်ရောက်ရှင်းလင်းပြီး မီးရှို့ခဲ့တယ်” လို့ ပြောပါတယ်။

ပုလော PDF ဘက်က စရဖရုံးကို ဝင်ရောက်ရှာဖွေရာမှာ သေနတ်ကျည်ဘောက် ၂ ခု၊ အဆိုပါသေနတ်ရဲ့ ကျည် ၁၀၀ နဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းရမိပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ တိုက်ပွဲဝင်ရဲဘော်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်က ပုလောမြို့နယ်၊​ စက်တော်ရာရွာရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်က ရေလုပ်သား ၄ ယောက်ကို PDF လို့စွပ်စွဲပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024