Home
နိုင်ငံတကာ
အပြာမယ် နုတ်ပိတ်ခပေးမှုဖြင့် ဒေါ်နယ်ထရမ့်ပ်ကို ပြစ်ဒဏ်ချမည်
DVB
·
January 4, 2025
Photo-Reuters

အပြာမယ်ကို နုတ်ပိတ်ခပေးမှုနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ပ်ကို ဇန်နဝါရီ ၁၀ ရက်မှာ ပြစ်ဒဏ်ချမှတ်မှာ ဖြစ်ပေမဲ့ ထောင်ဒဏ်ချမှတ်ရမှာ မဟုတ်ကြောင်း တရားသူကြီးက ပြောပါတယ်။ 

သမ္မတ တာဝန်ယူမယ့် ၁၀ ရက်အလိုမှာ ဒေါ်နယ်ထရမ့်ပ်ရဲ့ နုတ်ပိတ်ခပေးမှုကို ပြစ်ဒဏ်ချမှာပါ။  နယူးရော့ခ်တရားသူကြီး ဂျူအန်မာချန်က ထရမ့်ပ်ကို ထောင်ချမှာမဟုတ်ဘဲ ခံဝန် ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်မှာ မဟုတ်ကြောင်းနဲ့ ကြားနာမှုကို လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းကဖြစ်စေ တက်ရောက်ရမယ်လို့ ရေးသားထားပါတယ်။ 

ထရမ့်ပ်က သမ္မရွေးကောက်ပွဲ အောင်မြင်မှုကို အသုံးချခဲ့ပြီး သူ့အပေါ်စွဲဆိုထားတာတွေကို ဖယ်ထုတ်ဖို့ ပြုလုပ်ခဲ့တာပါ။ 

ထရမ့်ပ်ရဲ့အဖွဲ့ကလည်း တရားသူကြီးရဲ့ ဆုံးဖြတ်ဖို့ ဆက်လုပ်ဆောင်မှုကို ဝေဖန်ခဲ့ပြီး ဥပဒေ မရှိတဲ့ အမှုကို ချက်ချင်းပိတ်ဖို့ ပြောခဲ့ပါတယ်။ 

ထရမ့်ပ်ဟာ မေလက အပြာမယ်ကို ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့မှုနဲ့ ပတ်သက်ပြီး စီးပွားရေး မှတ်တမ်း အတုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

ဒေါ်နယ်ထရမ့်ပ်ကတော့ အပြစ်မရှိကြောင်းနဲ့ မှားယွင်းစွာ စွဲဆိုတာဖြစ်ကြောင်း ငြင်းဆိုခဲ့ပြီး ရွေးကောက်ပွဲဝင်မယ့် သူ့အတွက် တိုက်ခိုက်ဖို့ ကြိုးစားမှုတခုလို့ ဆိုပါတယ်။ 

ထရမ့်ပ်ဟာ ရွေးကောက်ပွဲအနိုင်မရခင်ကတည်းက သူ့ရဲ့ အသက်နဲ့ ဥပဒေမှတ်တမ်းတွေကြောင့် ထောင်ကျမှာ မဟုတ်ဘူးလို့ ဥပဒေပညာရှင်တွေက ခန့်မှန်းခဲ့ပါတယ်။ 

ထရမ့်ပ်ဟာ လျှိုဝှက်စာရွက်စာတမ်းအမှုနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ သူရဲ့ ရှုံးနိမ့်မှုကို ပြောင်းလဲဖို့ ကြိုးစားခဲ့မှု ၂ မှုလည်း ရှိနေပါတယ်။ 

အစောပိုင်းက ထရမ့်ပ်ကို နိုဝင်ဘာလ ၂၆ ရက်မှာ ပြစ်ဒဏ်ချဖို့ စီစဉ်ထားပေမဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ တရားသူကြီး မာချန်ကာ ရက်ရွှေ့ခဲ့တာ ဖြစ်ပါတယ်။

Source-Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013