၂၀၂၄ ခုနှစ်ဟောင်းကနေ ၂၀၂၅ နှစ်သစ်ကို ကူးပြောင်းတဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ညမှာ ကမ္ဘာတဝန်း အထင်ကရ မြို့ကြီးတွေမှာ ထောင်သောင်းချီတဲ့ လူတွေဟာ ရောင်စုံ မီးရှူးမီးပန်းတွေ ပစ်ဖောက် ကြိုဆိုခဲ့ကြပါတယ်။
နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကြိုဆိုပွဲကို အကြီးအကျယ် ကျင်းပလေ့ရှိတဲ့ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရဲ့ အထင်ကရ အော်ပရာဟောက်စ်နဲ့ တံတားကနေ မီးရှူးမီးပန်း ၉ တန်လောက် ပစ်ဖောက်ပြီး နှစ်သစ်ကို အစောဆုံး ကြိုဆိုခဲ့ကြပါတယ်။
ဒီနောက် အာရှနိုင်ငံတွေရဲ့ မြို့ကြီးတွေဖြစ်တဲ့ တိုကျို၊ ဆိုးလ်၊ ဟောင်ကောင်၊ တိုင်ပေ၊ စင်ကာပူ၊ ဘန်ကောက်၊ ကွာလာလမ်ပူ၊ ဂျာကာတာ၊ မနီလာ စတဲ့မြို့တွေ၊ ဒူဘိုင်း အပါအဝင် အရှေ့အလယ်ပိုင်းဒေသက မြို့တွေမှာလည်း နှစ်သစ်ကို အကြီးအကျယ် ကြိုဆိုခဲ့ကြပါတယ်။
ဒီနောက် ဥရောပဒေသက လန်ဒန်၊ ပဲရစ်၊ အမ်စတာဒမ်၊ မော်စကို၊ ဘာလင် စတဲ့ မြို့ကြီးတွေမှာလည်း နှစ်သစ်ကြိုဆိုပွဲတွေ ကျင်းပခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ တိုင်းမ်စကွဲရင်ပြင်၊ ကနေဒါမြို့တော် တိုရန်တိုနဲ့ မြောက်အမေရိကဒေသက မြို့ကြီးတွေမှာတော့ နှစ်သစ်ကို နောက်ကျပြီးမှ ကြိုဆိုခဲ့ကြပါတယ်။
Photos : Reuters