ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟမ်မဒ် ယူနွတ်ဟာ အီဂျစ်နိုင်ငံမှာ ကျင်းပတဲ့ D-8 ထိပ်သီးအစည်းအဝေးကို ဒီဇင်ဘာ ၁၉ ရက်နေ့က တက်ရောက်ခဲ့ပါတယ်။
အီဂျစ်သမ္မတ အဘ်ဒယ် ဖှာတာ အယ်လ်စီစီက ကိုင်ရိုမြို့တော် အရှေ့ဘက် ၂၈ မိုင်အကွာ နိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်သစ်မှာရှိတဲ့ သမ္မတအိမ်တော်မှာ ယူနွတ်ကို ကြိုဆိုခဲ့ပါတယ်။
ထိပ်သီးအစည်းအဝေးမှာ ယူနွတ်စ်က D-8 စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌနေရာကို အီဂျစ်နိုင်ငံဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
D8 အဖွဲ့ထဲမှာ အဓိကမွတ်ဆလင်ဖွံ့ဖြိုးဆဲနိုင်ငံ ၈ နိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နဲ့ တူရကီတို့ ပါဝင်ပြီး ၁၉၉၇ ခုနှစ်က တူရကီနိုင်ငံမှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters