Home
သတင်းဓာတ်ပုံ
နှစ် ၃၀ မြောက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)နေ့ ကျင်းပ (ဓာတ်ပုံ) 
DVB
·
December 21, 2024

ကရင်ပြည်နယ်၊ ဆုံဆည်မြိုင်ကျေးရွာ၊ ကလိုထူး​ဘောစစ်ဌာနချုပ်မှာ ဒီဇင်ဘာ ၂၁ ရက် ဒီမနက် ၇ နာရီက နှစ် ၃၀ မြောက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နေ့ကို ကျင်းပပါတယ်။

ဒီအခမ်းအနားကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး၊ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်အပါအဝင် အရာရှိကြီးတွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်အနေနဲ့ ထာဝရငြိမ်ချမ်းရေးရရှိမယ်ဆိုတာ ယုံကြည်တယ်လို့ စစ်ဦးစီးအရာချုပ် ဗိုလ်ချုပ်စောဆန်းအောင်က အခမ်းအနားမှာ ပြောပါတယ်။

"DKBA အဖွဲ့အစည်းဟာ လွန်ခဲ့တဲ့နှစ်တွေမှာ အခက်အခဲတွေ စိန်ခေါ်မှုများစွာကို ဖြတ်သန်းလျှောက်လှမ်းနိုင်ခဲ့သလို နောင်လာမယ် နှစ်တွေမှာလည်း  ကျနော်တို့လိုလားတဲ့ ထာဝရငြိမ်ချမ်းရရှိနိုင်အောင် လျှောက်လှမ်းသွားနိုင်မယ်ဆိုတာ ယုံကြည်တယ်။"

ဒီမိုကရေစီကရင်အကျိုးပြုကရင်တပ်မတော်(DKBA)ဟာ  NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ဒေသတွင်းဖွံဖြိုးရေးလုပ်ငန်းတွေ အစိုးရအဆက်ဆက် လုပ်ဆောင်လာတာ ဒီကနေ့အထိဖြစ်ပါတယ်။

အခမ်းအနားကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ထိန်းချုပ်ရာဒေသတွင်းမှာ တပ်မတော်နေ့ စစ်ရေးပြ ချီတက်အလေးပြုတာ၊ အားကစားပြိုင်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေကိုပါ ကျင်းပခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024