Home
မြန်မာသတင်း
အင်းတကော်တွင် ပဲခူးမြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ်အချို့ပျက်စီး
DVB
·
December 18, 2024
Photo-Local
Photo-Local
Photo-Local
Photo-Local

ပဲခူးတိုင်း၊ အင်းတကော်မြို့၊ သာယာအေးကျေးရွာအုပ်စု၊ ကွမ်ပေါင်ကျေးရွာမှာ ဒီဇင်ဘာ ၁၇ ရက် မနက်အစောပိုင်းက ပဲခူးမြစ်ကမ်းပါး ပြိုကျခဲ့တာကြောင့် လူနေအိမ် ၉ လုံး ပျက်စီး ဆုံးရှုံး ခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။

အင်းတကော်မြို့၊ ကွမ်ပေါင်ကျေးရွာမှာ ဒီဇင်ဘာ ၁၇ ရက် မနက် ၄ နာရီခန့်က ပဲခူးမြစ်ကမ်းပါး ပြိုကျခဲ့မှုကြောင့် ကျေးရွာဆေးပေးခန်း အပါအဝင် လူနေအိမ် ၉ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“မနက်အစောကြီး မြေကြီးတွေ အက်ကွဲကျလာပြီးတော့ အိမ်တွေလည်း အက်ကွဲကြောင်း အလိုက် ထိကုန်တာပါ။ ရွာထဲက ဆေးခန်းလည်း အက်ကွဲပြီး ပျက်စီးသွားတယ်။ လူတွေ ဘာမှ မဖြစ်ကြလို့ တော်သေးတယ်။”

မြစ်ကမ်းပါးပြိုကျမှုကြောင့် ကွမ်ပေါင်ကျေးရွာရှိ ဝါး၊ ဓနိအဆောက်အဦ၊ တိုက်ခံအဆောက်အဦ၊ ပျဥ်ခင်း၊ ပျဥ်ကာအဆောက်အဦ၊ ခြံမြေနဲ့ ကျေးရွာဆေးခန်း တိုက်ခံအဆောက်အဦတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနဲ့ လူနဲ့တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းကလည်း ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း ဖောင်တော်ဦးရပ်ကွက် မဇင်းချောင်းဘေးမှာ မိုရေများမှုကြောင့် ကမ်းပါးပြိုကျခဲ့ပြီး လူနေအိမ် တချို့ ပျက်စီးခဲ့သေးကြောင်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024