Home
မြန်မာသတင်း
ထိုင်းတွင် အလုပ်လက်မဲ့ မြန်မာလုပ်သား ထိုင်းထီ ပထမဆု ၂ စောင်တွဲပေါက်၊ ဘတ် ၁၂ သန်းရရှိ  
DVB
·
December 17, 2024
Thai 17122024

ထိုင်းနိုင်ငံ၊ ချွန်းပူးရီးခရိုင်က အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာလုပ်သား တယောက်ဟာ ဒီဇင်ဘာ ၁၆ ရက်က ထွက်သွားတဲ့ ထိုင်းထီပထမဆုပေါက်ဂဏန်း ၀၉၇၈၆၃ ကို နှစ်စောင်တွဲ ပေါက်ခဲ့တာကြောင့်  ဆုငွေ ဘတ် ၁၂ သန်း ရရှိသွားပါတယ်။

သူတို့ထီပေါက်တာသိသိချင်း အလုပ်သမားအရေးဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ထံ ချက်ချင်းဆက်သွယ်လာတယ်၊ အဖွဲ့သားတွေကလည်း ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ ဘန်ကောက်ရှိ ထီဆုငွေထုတ်ပေးတဲ့ဘဏ်ကို ခေါ်သွားပြီး ဆုငွေတွေ တလုံးတခဲ နေ့ချင်းပြီး ရရှိဖို့ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ MHAC အဖွဲ့ထူထောင်သူ ကိုရဲမင်းက DVB ကို ပြောပါတယ်။ 

ထီပေါက်သူနဲ့ ဇနီးဖြစ်သူတို့ဟာ မြန်မာပြည် မန္တလေးတိုင်းကဖြစ်ပြီး ချွန်းပူးရီး ကွန်ပျူတာအပိုပစ္စည်းစက်ရုံမှာ အလုပ်လာလုပ်တယ်၊ ဒါပေမဲ့ ခင်ပွန်းဖြစ်သူက အသက်ကြီးသွားပြီဆိုပြီး စက်ရုံက အလုပ်မခန့်တော့လို့ အလုပ်လက်မဲ့ဘဝနဲ့ ချွန်းပူးရီး ဝပ်ဖရောင်းဘုန်းကြီးကျောင်းမှာ နေ့စဉ် တံမြက်လှည်း၊ ပန်းကပ်၊ သောက်တော်ရေကပ် စတဲ့ ဘုရားဝေယျာဝစ္စတွေ လုပ်နေခဲ့ပါတယ်။

တနေ့မှာ ကျောင်းတိုက်ကို ထီရောင်းသူရောက်လာတော့ ကံစမ်းတဲ့အနေနဲ့ နှစ်စောင်တွဲ ဝယ်ယူခဲ့တယ်။ အဲဒီနှစ်စောင်က ဂဏန်းမှာ ပထမဆုဖြစ်တာကြောင့် တစောင်ကို ဘတ် ၆ သန်း (သိန်းပေါင်း ၆၀) နဲ့ ဘတ် ၁၂ သန်း (ထိုင်းဘတ် သိန်းပေါင်း ၁၂၀) ကံထူးစွာ ရရှိခဲ့တာလို့ ဆိုပါတယ်။ 

AAC အလုပ်သမားကူညီရေး မဟာမိတ်အဖွဲ့အနေနဲ့ ထီပေါက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဆုငွေအလွယ်တကူ ထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးနေတာမှာ ထိုင်းအစိုးရထီ ပထမဆု နှစ်စောင်တွဲ ကံထူးရှင် ၇ ယောက် အပါအဝင် ကံထူးရှင် ၅၅ ယောက်ကို ထီဆုငွေတွေ  ထုတ်ယူပေးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013