Home
နိုင်ငံတကာ
မလေးရှားကားကုမ္ပဏီ Proton က ပထမဆုံး EV ကား ပြသ
DVB
·
December 17, 2024
Photo : Reuters

မလေးရှား ကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ Proton ဟာ ဒီဇင်ဘာ ၁၆ ရက်က သူတို့ရဲ့ ပထမဆုံး လျှပ်စစ်ကားကို ထုတ်ဖော်ပြသခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ ပြည်တွင်း EV နဲ့ hybrid EV အသုံးပြုမှု မြင့်တက်ဖို့နဲ့ ကမ္ဘာမှာ လိုအပ်နေတဲ့ EV ဆိုင်ရာပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ ခြေကုပ်ယူထားတာ ဖြစ်ပါတယ်။

Proton ကို မလေးရှား စီးပွား‌ရေးကော်ပိုရေးရှင်း DRB က ပိုင်ဆိုင်တာဖြစ်ပြီး ကျန် ၄၉ ဒသမ ၉ ရာခိုင်နှုန်းကို တရုတ်ကားကုမ္ပဏီ ဇီဂျင်းဂီလေးက ပိုင်ဆိုင်ထားပါတယ်။

မလေးရှားနိုင်ငံမှာ BYD, Tesla, Stellantis တို့ အသုံးပြုနေပြီး  Proton က e.MAS 7’s မော်ဒယ်ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

Proton ရဲ့ ကားသစ်မိတ်ဆက်ပွဲမှာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ၂၀၅၀ ခုနှစ်မှာ လောင်စာဆီလျှော့ချဖို့နဲ့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ဖို့ ဒေါ်လာ ၂၉၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ ဆိုပါတယ်။

ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင်တွေကို အသုံးပြုတာက တိုင်းပြည်ရဲ့ GDP ကိုလည်း ဒေါ်လာ ၄၉ ဘီလီယံ တိုးလာမှာဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းလည်း ၃၀၀,၀၀၀ ကျော် ရရှိမှာဖြစ်ပါတယ်။

Proton ကားထုတ်လုပ်ရေးကို ၁၉၈၃ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၁၉၈၀ ကျော်ကနေ ၁၉၉၀ အတွင်း Mitsubishi ကုမ္ပဏီနဲ့ လက်တွဲခဲ့ပါတယ်။

နောက်ပိုင်းနှစ်တွေမှာ တရုတ်ကုမ္ပဏီ Youngman ၊ Honda ၊ Suzuki တို့နဲ့ လက်တွဲခဲ့ကာ ၂၀၂၂ ခုနှစ်မှာ တရုတ်ကုမ္ပဏီ Geely နဲ့ လက်တွဲပြီး EV ကားတွေထုတ်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013